အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် တုံ့ပြန်မှုမျိုးစုံခဲ့ပြီး ၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားနှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ထောက်လှမ်းရေးအေဂျင်စီတွေကို ဆန့်ကျင်ပြီး သမ္မတ Trump ဟာ သမ္မတ ပူတင်နဲ့ အတူရပ်တည်ခဲ့တယ်လို့ စွပ်စွဲထားတာပါ။ ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးချက်တွေ အခြေခံပြီး မြန်မာငြိမ်းချမ်းရေးအလားအလာနဲ့ပတ်သက်လို့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီက တာဝန်ရှိသူတချို့နဲ့ နည်းပညာ အထောက်အကူအဖြစ်အားဖြည့်ကူညီသူတွေရဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ဖိတ်ခေါ် ဆွေးနွေးထားပါတယ်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ ရုရှား ဝင်နှောင့်ယှက်ခဲ့တာ ယုံကြည်ဖို့ အကြောင်းမရှိဟုသမ္မတထရမ့်ပြော၊ အမေရိကန်နိုင်ငံထဲ တရားမဝင် ရောက်လာတဲ့ မိသားစုတွေပြန်ပေါင်းစည်းခွင့်ပေးပြီး သူတို့နေရပ်ရင်းပြန်မပို့ဖို့ယာယီအမိန့်ထုတ်၊သိမ်းဆည်းခံမြေယာတွေကို လျော်ကြေးပေးဖို့ HRW အဖွဲ့ တောင်းဆို
စကော့တလန်နိုင်ငံ မြေပြန့်ပိုင်းမှာတော့ ထွန်စက်တွေနဲ့ မောင်းပြီး ကန်တဲ့ ဘောလုံးပွဲတစ်ပွဲ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တာမှာ လူ(၇၀၀၀)ကျော် ပါဝင်အားပေးခဲ့ကြပါတယ်။ #voasocial #voaburmese
လက်ရှိလုပ်ငန်းတွေကို ပြန်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေး မဟာဗျုဟာ တစ်ရပ်ချမှတ်ဖို့ ၂၁ ရာစုပင်လုံတတိယအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်သတင်းပေးပို့ထားပါတယ်။
ငြိမ်းချမ်းရေးညီလာခံဟာ လုပ်ငန်းစဉ်တခုဖြစ်တဲ့အတွက် မျှော်မှန်းသလောက် အောင်မြင်မှု မရသေးဘူးဆိုရင်တောင် ရှေ့ဆက်ဆောင်ရွက်ဖို့ အတွေ့အကြုံနဲ့မျှော်လင့်ချက်တွေ ရခဲ့တဲ့အကြောင်း ညီလာခံတက်ရောက်သူတွေက သုံးသပ်ပြောဆိုပါတယ်။ သုံးသပ်ချက်တချို့ကို စုစည်းတင်ပြလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ဆေးရုံမှာ ဆေးဝါးကုသခံယူနေတဲ့ တောဝက်ဘောလုံးအသင်းသား လူငယ် ၁၂ ဦးနဲ့ နည်းပြတို့ဟာ လာမယ့် ကြာသာပတေးနေ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ ဆေးရုံက အားလုံး ဆင်းခွင့်ရမှာ ဖြစ်ကြောင်း ထိုင်းကျန်းမာရေး ၀န်ကြီးက ပြောပါတယ်။ ရိုက်တာသတင်း အခြေခံပြီ မအင်ကြင်းနိုင်က ပြောပြမှာပါ။
သတင်းအကျဉ်းချုပ် ၀၇.၁၆.၂၀၁၈
ဇူလိုင် ၁၅၊ ၂၀၁၈ - နည်းပညာ တိုးတက်မှုနဲ့အတူ သတင်းလုပ်ငန်းပိုင်း ပြောင်းလဲနေတဲ့ အခြေအနေ ဘယ်လိုရှိပါလဲ၊ VOA မြန်မာပိုင်း အထူးအစီအစဉ်အဖြစ် မစုမြတ်မွန် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်