နော်ဝေအနုပညာရှင်တစ်ဦးဖြစ်တဲ့ Dino Tomic ဟာ ရေကိုအသုံးပြုပြီး သူရဲ့ ပန်းချီတွေကို အမြင်သစ်တမျိုးနဲ့ တင်ဆက်နေပါတယ်။ ဒီလိုမျိုး ဆေးကို အသုံးပြုရတဲ့အတွက် အခက်အခဲတစ်ခုကတော့ ဆေးဟာခြောက်သွားတဲ့အခါ မျက်စိနဲ့ မမြင်ရတော့တာကြောင့် တတ်နိုင်သမျှ မြန်မြန်ဆွဲရတာပဲဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းစစ်ဇုန်အတွင်းကနေ အရပ်သားအကာအကွယ်ပေးရေးအဖွဲ့ White Helmets ခမောက်ဖြူအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုတော့ အစ္စရေးလ်တို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို ဖြတ်ပြီး ဂျော်ဒန်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။ Zlatica Hoke ရဲ့ ဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
အမေရိကန် သမ္မတ Trump အစိုးရက တရုတ် သွင်းကုန်တွေ အပေါ် နောက်ထပ် အကောက်ခွန် ၂၀၀ ဘီလီယံ ကောက်မယ် လို့ ကြေညာလိုက်အပြီးမှာတော့ အမေရိကန်မှာ ရှိတဲ့ အကြီးဆုံး ဆိပ်ကမ်းကြီးဟာ အဲ့ဒီက အကျိုးသက်ရောက်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ Elizabeth Lee သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နယူးယောက်မြို့ တရားဥပဒေ စိုးမိုးရေးအရံတပ်ဖွဲ့ဝင်တွေထဲမှာ Sikh ဘာသာဝင် Gursoch Kuaur လည်း ပါဝင်လာပါတယ်။ သူဟာ Sikh ဘာသာဝင်တွေ ဆောင်းတဲ့ ခေါင်းပေါင်းဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာပါတယ်။ VOA သတင်းထောက် Aunshuman Apte ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာ အစီအစဉ်မှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနေတဲ့ အီဒီယံ အသုံးတချို့ကို ဒေါ်လှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပင်လယ်ကူး သင်္ဘောတွေ ၀င်ထွက် ဆိုက်ကပ် ကုန်တင်ကုန်ချ လုပ်နိုင်တဲ့ ဆိပ်ကမ်းတွေဆိုတာ ပင်လယ် ၀ မှာပဲ ရှိသင့်တယ်၊ အခု ရန်ကုန်မြစ်ထဲ၊ မြို့လည်မှာ ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို ပင်လယ်ဝ ကို ပြောင်းရွှေ့ဖို့ သင့်တယ် ဆိုပြီး မှတ်ချက်ပေးပြီးသား ဖြစ်ပါတယ်။
ရန်ကုန်- ဒလ တံတား တကယ် ဖြစ်လာဦးမှာလား
နယူးယောက်မှာ အမျိုးသားတယောက်က တမိနစ်အတွင်း ဖရဲသီးအလုံး၂၀ကျော်ကို ဗိုက်ပေါ်တင်ခွဲပြပြီး ဂင်းနစ်စံချိန် တင်သွားပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ မိုးပေါ်ပျံဂျက်အင်္ကျီကို တထည် ဒေါ်လာ လေးသိန်းခွဲလောက်နဲ့ ရောင်းပေးပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်