အိုင်ယာလန်ကသြဇာကြီးတဲ့ကက်သလစ်ဘုရားကျောင်းတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက်ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကတောင်းပန်စကားဆိုခဲ့ပေမယ့်ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ဝေဖန်နေကြပြီးပုပ်ရဟန်းမင်းကြီးကိုပါ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။Zlatica Hoke ပေးပို့တဲ့သတင်းကို မအိသန့်စင်ကပြောပြထားပါတယ်။
လက်ရှိ အရပ်သားအစိုးရလက်ထက် စီမံကိန်းတွေမှာ အရင်ကထက် ပွင့်လင်းမြင်သာမှု ရှိလာပြီး လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရာမှာလည်း တိုးတက်မှုတွေ ရှိတယ်လို့ မြင်တဲ့အကြောင်း စက်မှု ၀န်ကြီးဟောင်း ဦးစိုးသိန်းက VOA ကို ပြောပါတယ်။ ဦးစိုးသိန်းကို ရန်ကုန်မြို့မှာ VOA အယ်ဒီတာ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
သတင်းအကျဉ်းချုပ် (၀၈-၂၈-၂၀၁၈)
ဗီယက်နမ်အလယ်ပိုင်းက Ba Na Hills တောင်တန်းများအရပ်မှာ Cau Vang လို့ခေါ်တဲ့ “ရွှေရောင်တံတား”ကိုတွေ့နိုင်ပါတယ်။ တောင်တွေထဲကနေ လက်နှစ်စုံထွက်လာပြီး မတင်ပေးထားသလို ဒီဇိုင်းဆွဲထားတဲ့ ဒီတံတားဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၂၈၀ မြင့်ပြီး လာရောက်လည်ပတ်သူတွေကို သူမတူတဲ့ မြင်ကွင်းမျိုးပေးပါတယ်။ ဒီတံတားရဲ့ ဗိသုကာလက်ရာဖန်တီးတဲ့ ကုမ္ပဏီကတော့ ဒါဟာ မြေကြီးထဲက ရွှေအမြှောင်းကိုဆွဲယူပြနေတဲ့ ဘုရားသခင်ရဲ့ လက်တွေလို တင်စားဖန်တီးထားတာလို့ ဆိုပါတယ်။ #voasocial #voaburmese
တန်းဖိုး၊ အဓိပ္ပါယ်ရှိတဲ့ ဘဝ ရရှိဖို့အတွက် ဘယ်လိုနေထိုင်ကျင့်ကြံသွားသင့်သလဲ မဧကရီရဲ့  ယုံကြည့်ချက်ကို နားဆင်ကြည့်ပါ။
မြန်မာနိုင်ငံ တိုင်းရင်းသားနယ်စပ်ဒေသမှာ မကြာခင်ကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်ဘက်အကြီးအကဲအချို့ကို နိုင်ငံတကာဥပဒေတွေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေနဲ့ ပြည်တွင်းအခြေအနေအရ ဒီစစ်ခေါင်းဆောင်တွေဟာ ကျူးလွန်မှုတွေအပေါ် ကင်းလွတ်ခွင့်ရနေတာကြောင့်၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ဒါမှမဟုတ် နိုင်ငံတကာခုံရုံးတခု သီးခြားဖွဲ့ပြီး စုံစမ်းအရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြုထားပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။
နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် တွေရဲ့အမှု အပြီးသတ်စီရင်ချက်ချဖို့ တရားရုံးက ဒီနေကြညာထားပေမဲ့ တရားသူကြီး မကျန်းမာတဲ့အတွက်ဆိုပြီး စက်တင်ဘာလ (၃) ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ကိုသိန်းထိုက်ဦး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးကနေ သတင်းပေးပို့ထားပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ ကကွယ်လွန်သွားခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် John McCain ကို သူရဲ့ သူရသတ္တိ၊ တိုင်းပြည်ချစ်စိတ် နဲ့ နိုင်ငံအတွက် အမှုထမ်းခဲ့တာတွေ နဲ့ပတ်သက်ပြီး အမှတ်ရနေကြမှာပါ။ ပြီးခဲ့တဲ့ နှစ် မေလကသူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ VOA သတင်းထောက် Cindy Saine သတင်းပေးပို့တာကို နန်းလောင်ဝ် က ပြောပြပါမယ်၊
သမ္မတ Donald Trump ရဲ့ ရှေ့နေဟောင်းက သမ္မတဟာ ရွေးကောက်ပွဲစည်းရုံးရေး ရန်ပုံငွေတွေ အလွဲသုံးစားလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် သူ့ကိုဆန့်ကျင်သူတချို့က သမ္မတကိုတရားစွဲဆိုနိုင်ရေး တိုက်တွန်းနေကြပါတယ်။ VOA သတင်းထောက် Marcus Harton က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ဒီတပတ် အမေရိကန်သုံးအင်္ဂလိပ်စာ အစီအစဉ်မှာ မျဉ်းကြောင်း Line ကို အခြေခံတဲ့ အီဒီယံ အသုံးတွေကို ဒေါ်လှလှသန်းက George Grow နဲ့အတူ တင်ဆက်ထားပါတယ်။
Isaac Hou ဟာ ထိုင်ပေမြို့မှာ နာမည်ကြီး လမ်းဘေးတင်ဆက်ဖျော်ဖြေသူတစ်ဦးဖြစ်ပါတယ်။ လည်နေတဲ့ သတ္တု ကွင်းကြီးထဲမှာ သူဟာ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ပုံစံမျိုးစုံထိန်းထားနိုင်သူလည်း ဖြစ်ပါတယ်။ အသက် ၃၇နှစ်အရွယ် ထိုင်ဝမ်နွယ်ဖွား အမေရိကန်နိုင်ငံသားဟာ စတိတ်စင်တွေနဲ့ တီဗွီဖန်သားပြင်မှာ ဖျော်ဖြေနေသူဖြစ်ပေမယ့်လည်း ထိုင်ဝမ်မြို့တော်ရဲ့ လမ်းတွေပေါ်မှာလည်း တွေ့နေရဆဲဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်