သရက်ထောင်မှာ အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းဟာ အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။
မွန်ပြည်နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့အတွက် ဒေသခံ ရွာသားတွေ ပိုင်ဆိုင်တဲ့ လယ်ယာခြံမြေတွေကို အဓမ္မ သိမ်းဆည်းနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အရပ်သား လူ့အဖွဲ့အစည်းတွေ အင်အားကောင်းလာဖို့အတွက် အကူအညီတွေ လိုအပ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။
သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ အထဲမှာ မြန်မာနိုင်ငံဟာ အဆိုးဆုံးစာရင်း နံပါတ် ၄ မြောက်မှာ ရှိနေတယ်လို့ CPJ အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒုတိယ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကိစ္စ တိုင်းရင်းသား ပါတီတွေ အကြားမှာ သဘောထား မတူကြပါဘူး။
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ မနေ့က ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုနဲ့ တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်