မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေပါဝင်တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေကို ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို လေးစားဖို့ တရုတ်အစိုးရက မြန်မာကို ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားငွေလဲလှယ်ရတာ လွယ်ကူစေဖို့အတွက် ငွေလဲကောင်တာတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖွင့်လှစ်ခွင့်ပြုမယ်လို့ အစိုးရက ကြေညာပါတယ်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်အပေါ်၊ ဒီအစီအစဉ်ကို ကန့်ကွက်နေကြတဲ့ စာပေနဲ့ အနုပညာရှင်အသိုင်းအ၀ိုင်းက သတိထား ကြိုဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တခု ချီးမြှင့်လိုက်ပါတယ်။
နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှာ ငွေကြေးပြဿနာကြောင့် ဦးဆောင်သူနှစ်ဦး လက်ရှိရာထူးကနေ နုတ်ထွက်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်