လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် ၀မ်ပေါင် ကုမ္ပဏီက လျော်ကြေးမပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ကိစ္စ ဖြေရှင်းပေးဖို့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာခေါင်းဆောင်တွေ ဒီကနေ့တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးအပါအ၀င် ၂ နိုင်ငံကြား ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ ကြပါတယ်။
အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရှိဖို့ ဆောင်ရွက်သွားကြဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ ဒီကနေ့မှာ သမ္မတဦးထင်ကျော် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုတချို့ ရှိခဲ့ပေမဲ့ အသေအပျောက်မရှိသလို အခြေအနေတွေလည်း ပြန်တည်ငြိမ်နေပါပြီ။
“ဒီလယ်ယာမြေဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ဇောင်းပေးပြီး ပြဌာန်းမယ့် ဥပဒေတခုလိုပါတယ်။ အရင် ဥပဒေ တွေ၊ အထောက်အထားတွေနဲ့ ယူပြီး အဲဒီ ဥပဒေတွေနဲ့ မညီလုပ်ခဲ့ကြတာတွေ အများကြီးရှိတယ်။"
US Elections Burma
“နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကို ကျနော်တို့ မဲပေးပါမယ်။ ဘာကြောင့်လဲဆိုတော့ Hillary Clinton ဆိုတာ ကျနော်တို့နိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အများကြီးရင်းနှီးတယ်၊ ပြီးရင် ဗမာပြည်ကိုလည်း အဝင်အထွက်ရှိတယ်။”
မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ညအိပ် ညနေ ဧည့်သည်တွေ ရောက်လာရင် အိမ်ရှင်တွေက သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်း တိုင်ကြားရတဲ့ ကိစ္စ ပယ်ဖျက်မယ့် ဥပဒေ မူကြမ်း လွှတ်တော်မှာ တင်ထားပါပြီ။
တိုက်ပွဲဖြစ်နေတဲ့ RCSS/SSA လက်နက်ကိုင်တပ်နဲ့ TNLA တအာင်းတပ်တို့အကြား တွေ့ဆုံ ညှိနှိုင်းဖို့ UNFC က ကြားဝင် စေ့စပ်ပေးနေပါ တယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လာမယ့် သီတင်းပတ်အတွင်း လွှတ်တော်မှာ အရေးကြီးအဆိုတင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် က ပြင်ဆင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်