ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေဖို့အတွက် ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ပါဝင်နေသူတွေ၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေ၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး သဘောထားအမြင်တွေကို လေ့လာသုံးသပ်မှုတွေလုပ်မယ်။