ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ အနားယူနေရပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် တွေ့ဆုံဖို့ စီစဉ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲကိုလည်း ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပါတယ်။
NCA စာချုပ်လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တက်ရောက်ခွင့်ရရေး အပါအ၀င် အပစ်အခတ်ရပ်စဲရေး ကြေညာဖို့စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အိမ်အကူမိန်းကလေးငယ် ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုအတွက် ဆောင်ရွက်ရာမှာ ပျက်ကွက်မှုတွေရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတချို့ကို အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့တာကို ဒီကနေ့မှာ တခဲနက် အတည်ပြု လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာစတင်ခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ၂ ပတ်ကြာခရီးစဉ်ဟာ ပြီးဆုံးသွားပြီဖြစ်ပြီး တနင်္ဂနွေနေ့ညပိုင်းမှာပဲ ရန်ကုန်ကို ပြန်ရောက်လာပြီဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ လက်ရှိ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ တိုးတက်မှုတွေရှိနေပြီး ရှေ့လျောက် နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေ မလိုတော့ဘူးလို့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ထိပ်တန်းသတင်းမီဒီယာတခုဖြစ်တဲ့ CNN နဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
မလေးရှားနိုင်ငံက ကားခိုးဂိုဏ်းတွေဟာ အိမ်နီးချင်းထိုင်းတနိုင်ငံတည်းနဲ့တင် စီးပွားလုပ်နေကြတာမဟုတ်ဘဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေအထိပါ တိုးချဲ့လာနေကြတယ်လို့ ယုံကြည်ရကြောင်း မလေးရှားနိုင်ငံထုတ် Bernama သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက လက်ရှိအကျဉ်းထောင်အခြေအနေတွေကို ပြောင်းလဲပေးဖို့နဲ့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ အကျဉ်းထောင်စနစ်တွေကို ပြုပြင်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကနေ ဒီကနေ့ အရပ်သားအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။
ကုလ PGM ဖျက်သိမ်းသင့်-မသင့်
ဘူးသီးတောင်၊ မောင်တော ဥပဒေမဲ့ အဆောက်အဦဖျက်သိမ်းရေး အဆင့်ဆင့် စိစစ်မည်
တောင် ကုန်းတွေရှိတဲ့နေရာတွေ၊ လယ်မြေတွေရှိတဲ့နေရာတွေ၊ စား ကျက်မြေရှိ တဲ့နေ ရာတွေ ပြီးမှတဆင့်ပြီးတဆင့် ရွာထဲမှာရှိတဲ့အခြေအနေတွေ၊ ရပ်ကွက် မှာရှိတဲ့ အခြေအနေတွေ ဒီလိုဦးစားပေးအဆင့်လိုက် ကျနော်တို့ စိစစ်ဆောင်ရွက်ဖို့ စီမံထားပါတယ်။
ဒီကနေ့အချိန်ထိ စစ်တပ်ဟာ အခြေခံဥပဒေရဲ့အထက်မှာ တရားဥပဒေရဲ့အထက် မှာ ရှိနေသေး တယ်။ ပြည်သူလူထု က ရွေးချယ်တင်မြှောက်တဲ့ အစိုးရနဲ့ ပြည်သူ့ လွှတ်တော်ဟာ အမြင့်ဆုံး တရားဥပဒေပြုအာဏာနဲ့ အမြင့်ဆုံးစီမံခန့်ခွဲမှု အာဏာတွေ ကို အပြည့်အ၀ ပိုင်ဆိုင်သေးတာ မဟုတ်ပါဘူး။
ကန်သံအမတ်ကြီး ကချင်ခရီး တနင်္ဂနွေစတင်
နောက်ထပ်ကြည့်ရှုရန်