မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစု အရေးကိစ္စနဲ့ ပတ်သက်ပြီး ၀န်ကြီးအဆင့် အရေးပေါ်ဆွေးနွေးပွဲတရပ်ကို အခုသီတင်းပတ်ကုန်ပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပဖို့ ရှိကြောင်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ နိုင်ငံခြားရေး ၀န်ကြီးများ ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။