အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး တနှစ်အတွင်း ရနိုင်မယ်လို့ အစ္စရေး၊ ပါလက်စတိုင်း ခေါင်းဆောင်တွေ ယုံကြည်ထားကြောင်း အိုဘားမားက ပြောပါတယ်။
တရုတ်နိုင်ငံက ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ် လေ့ကျင့်မယ့် ပင်လယ်ဝါတွင်းက ၄ ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်မှုတွေ စတင်လိုက်ပါပြီ။
တရုတ်နိုင်ငံဟာ ပင်လယ်ဝါထဲ ၄ ရက်ကြာမယ့် ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ စတင် လုပ်နေပါပြီ။
အီရတ်မှာ တိုက်ခိုက်ရေး လုပ်ငန်းတွေ အဆုံးသတ်တဲ့ အခမ်းအနားတွေကို အမေရိကန်တွေ ကျင်းပနေကြပါတယ်။
သမ္မတ အိုဘားမားက အီရတ်စစ်အပြီး အရေးအကြီးဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက်ရမယ့် အလုပ်ကတော့ စီးပွားရေး ပြန်ကောင်းအောင်လုပ်ဖို့လို့ ပြောပါတယ်။
အီရတ် ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးအတွက် အီရတ် လုံခြုံရေးတပ်တွေက တာဝန်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ အီရတ်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်