Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နော်ဗက် ဂျိုကိုးဗစ် (Novak Djokovic) အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့တာကြောင့် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ပါတယ်။
အမေရိကန် တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြို တွေ့ဆုံမှုတွေ ကာတာနိုင်ငံမှာ ပြုလုပ်နေပါတယ်။
ဆီးရီးယားနိုင်ငံမှာ စနေနေ့က အကြမ်းဖက် နှိပ်ကွပ်မှုတွေ တိုးမြှင့် လုပ်လာတဲ့အတွက် အာရပ်အဖွဲ့ချုပ်က အကဲခတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းမှာ အဆိပ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ယိုဖိတ်ခဲ့တဲ့အတွက် ရေသန့်ဗူးတွေ ရုတ်တရက် အရောင်းသွက်နေပါတယ်။
လာမယ့် ၁၀ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချရေးအစီအစဉ်ကို သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်မှာ တင်ပြဖို့ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်