မိုးကြီးပြီး ရေလျှံလာလို့ ဒေသခံ ရာပေါင်းများစွာဟာ နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ကို ရှောင်တိမ်းနေရချိန်မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆိုးဆိုးဝါးဝါး မြေပြိုမှုတွေ ဖြစ်ခဲ့ ပါတယ်။
အီဂျစ်နိုင်ငံသမ္မတ မိုဟာမက်မော်စီဟာ အစိုးရဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ ပြည်နယ်သုံးခုကို ရက် ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ ADB အာရှဖွံ့ဖြိုးမှုဘဏ်တွေ မြန်မာကို အကြွေးသစ်ပေးမယ်လို့ အသီးသီး ကြေညာခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုကျမှုနှစ်ခုဖြစ်တာကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Santa Maria မြို့က လူပြည့်ကျပ်နေတဲ့ နိုက်ကလပ်တခုမှာ မီးလောင်တာကြောင့် လူ ၁၈၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ဘရာဇီးလ် တာဝန်ရှိသူတွေက ပြောပါတယ်။
Australian Open Tennis ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်း ချန်ပီယံဆုကို ဘယ်လာရုစ်နိုင်ငံက Victoria Azarenka က အနိုင်ရသွားပါတယ်။
ဆီးရီးယားရန်ကို ကာကွယ်ဖို့ တူရကီကို ရောက်နေပြီဖြစ်တဲ့ Patriot ဒုံးကျည် ပစ်စင်ဟာ အသုံးပြုဖို့ အဆင်သင့်ပဲလို့ ညွှန့်ပေါင်းတပ်ဖွဲ့က ပြောပါတယ်။
အီဂျစ် သမ္မတဟောင်း ဟော်စနီမူဘာရက်ကို ဖြုတ်ချခဲ့တဲ့ ၂ နှစ်ပြည့်အခမ်းအနား လူထုစုဝေးမှုအတွင်း၊ ဆန္ဒပြသူတွေ နဲ့ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကြား အီဂျစ်နိုင်ငံတ၀ှမ်း ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ က သူ့ရဲ့ အကြံပေးပုဂ္ဂိုလ် Denis McDonough ကို သူ့ရဲ့ ၅ ယောက်မြောက် အိမ်ဖြူတော် အရာရှိချုပ် ခန့်အပ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်