တောင်ကိုရီးယား အာကာသစူးစမ်းလေ့လာရေးဌာနက အာကာသအတွင်း ဂြိုဟ်တုတစင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါပြီ။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ဦးဆောင်ရေးဆွဲခဲ့သူ ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာကြောင့် မြန်မာပြည်အတွက် အကောင်းမြင်နေကြပါတယ်။
တရုတ်နိုင်ငံ မျက်မမြင် လူ့ခွင့်အရေးလှုပ်ရှားသူ Chen Guangcheng ကို အမေရိကန် လူ့အခွင့် အရေးဆု မနေ့က ချီးမြှင့်လိုက်ပါတယ်။
ခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ကြိုးတုပ်ခံထားရတဲ့ အလောင်း ၆၅ လောင်းကို အာလက်ပိုမြစ်ထဲမှာ တွေ့ရကြောင်း ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အမေရိကန်က တရားမဝင် လူ ၁၁ သန်းရဲ့ ပြဿနာကိုဖြေရှင်းဖို့၊ သူတို့ကို ဥပဒေ နည်းလမ်းတကျ နိုင်ငံသားဖြစ်နိုင်ခွင့်ရဖို့ လွှတ်တော်အမတ်တွေမှာ ဖြေရှင်းဖို့ ဝတ္တရား ရှိတယ်လို့ အမေရိကန်အထက်လွှတ်တော်က ပါတီကြီးနှစ်ရပ်စလုံးပါတဲ့ အဖွဲ့က ပြောပါတယ်။
မိုးကြီးပြီး ရေလျှံလာလို့ ဒေသခံ ရာပေါင်းများစွာဟာ နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ကို ရှောင်တိမ်းနေရချိန်မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆိုးဆိုးဝါးဝါး မြေပြိုမှုတွေ ဖြစ်ခဲ့ ပါတယ်။
အီဂျစ်နိုင်ငံသမ္မတ မိုဟာမက်မော်စီဟာ အစိုးရဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ ပြည်နယ်သုံးခုကို ရက် ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ ADB အာရှဖွံ့ဖြိုးမှုဘဏ်တွေ မြန်မာကို အကြွေးသစ်ပေးမယ်လို့ အသီးသီး ကြေညာခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုကျမှုနှစ်ခုဖြစ်တာကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Santa Maria မြို့က လူပြည့်ကျပ်နေတဲ့ နိုက်ကလပ်တခုမှာ မီးလောင်တာကြောင့် လူ ၁၈၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ဘရာဇီးလ် တာဝန်ရှိသူတွေက ပြောပါတယ်။
Australian Open Tennis ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်း ချန်ပီယံဆုကို ဘယ်လာရုစ်နိုင်ငံက Victoria Azarenka က အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်