တရုတ်သင်္ဘောတွေ အငြင်းပွားကျွန်းစုနားကပ်လာနေတာကို ဂျပန်အစိုးရက ကန့်ကွက်ဖို့ တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
ဂွမ်ဒေါင်းပြည်နယ်တွင်းဆင်ဆာတည်းဖြတ်မှုကို ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
သမ္မတက သူအမည်တင်ထားတဲ့ ကာကွယ်ရေးနဲ့  ထောက်လှမ်းရေး ဗဟိုအကြီးအကဲသစ်တွေကို အမြန်ဆုံး အတည်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယမှာ အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရတဲ့ လူခြောက်ယောက်ထဲက ငါးယောက်ကို တခါးပိတ် ရုံးတင်စစ်ဆေးကြားနာခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အပွင့်လင်းဆုံး ပြောဆိုလေ့ရှိတဲ့ သတင်းစာတိုက်က သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီးကလင်တန်ဟာ ဦးနှောက်ထဲမှာ သွေးခဲပိတ်ဆို့နေတာကို ကုသမှုခံယူခဲ့ပြီးတဲ့နောက် အခု ပြန်ပြီး လုပ်ငန်းတာဝန်တွေကို ပြန်လည် စတင်ပါတော့မယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယား နယ်ခြားဒေသမှာ တနင်္ဂနွေနေ့က ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဆီးရီးယားသမ္မတ အာဆတ် က တနင်္ဂနွေနေ့မှာ ရှားရှားပါးပါး လူထုကို မိန့်ခွန်းပြောခဲ့ပြီး ပြည်တွင်းစစ်အတွက် နိုင်ငံရေး အဖြေရှာကြဖို့ တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယမှာ အဓမ္မပြုကျင့်ခံရပြီး ဆေးကျောင်းသူလေး သေဆုံးခဲ့တဲ့ကိစ္စ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ်မှုကို မကျေနပ်လို့ ဆန္ဒပြပွဲတွေ ထပ်မံ ဖြစ်ပွားနေပါတယ်။
ကော်လိုရာဒိုပြည်နယ် Aurora မြို့မှာ ရဲတွေနဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ပြီးတဲ့နောက် သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်