အီဂျစ်နိုင်ငံမှာ မွတ်ဆလင် ဘရားသားဟုဒ် အဖွဲ့ကို အစိုးရက တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဒီအဖွဲ့ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား မြို့တော် ကိုင်ရိုမှာ စနေနေ့က အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။
စနေနေ့က အစိုးရဆန့်ကျင်သူတွေ စုဝေးရာကို သေနတ်သမားတဦးပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးခဲ့ရသလို ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း အစိုးရဆန့်ကျင်သူတွေက ဝိုင်းပြီးဆန္ဒပြခဲ့ကြလို့ ရွေးကောက်ပွဲမှတ်ပုံတင်လုပ်ငန်းကိုရပ်ဆိုင်းထားရပါတယ်။
တရုတ်နိုင်ငံမှာ အငြင်းပွားဖွယ် ပြန်လည်ပညာပေး ရဲဘက်စခန်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်စနစ် တို့ကို ဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ရုံးအရှေ့ ညလုံးပေါက် ဆန္ဒပြနေသူတွေကို အမည်မသိ သေနတ်သမားက ပစ်ခတ်သွားခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
ဂျပန်ရဲ့ တောင်ပိုင်း ကျွန်း အိုကီနာဝါရဲ့ အုပ်ချုပ်ရေးမှူးက အမေရိကန် ရေတပ် အခြေစိုက် စခန်းကို ရွှေ့ပြောင်းဖို့ ကမ်းရိုးတန်း တလျှောက်မြေနေရာကို အသုံးပြုခွင့် အတည်ပြုလိုက်ပါပြီ။
လူ ၁ ထောင်လောက် သေဆုံးခဲ့ရတဲ့ မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်မှုကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်မှု တခု အဖြစ် တောင်ဆူဒန် အစိုးရက အပစ်အခတ်ရပ်ဆဲရေး သဘောတူညီခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုတွင်း ဆီးရီးယားသမ္မတကို ပြင်းပြင်းထန်ထန် ဝေဖန်သူ၊ လက်ဘနွန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Mohamad Chatah သေဆုံးသွားခဲ့ပါတယ်။
အာတိတ်ပင်လယ်ပြင်က ရုရှားရေနံတူးဖော်ရေး လုပ်ငန်းကို ကန့်ကွက် ဆန္ဒပြရာက ၂ လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ Greenpeace အဖွဲ့ဝင်တွေကတော့ ဒီကနေ့ပဲ ရုရှားနိုင်ငံက ထွက်ခွာခဲ့ကြတာပါ။
အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ တံတားတစီးပေါ်ကနေ ဘတ်စ်ကား တစီး ခြောက်ထဲ ထိုးကျသွားခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၂၉ ယောက် သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်