တူရကီနဲ့ကပ်နေတဲ့ ဆီရီးယားနိုင်ငံထဲက Kobani မြို့ကို ကာကွယ်ခုခံတိုက်နေကြတဲ့ Kurd တိုက်ခိုက်ရေးသမားတွေကို တူရကီက လက်နက်တပ်ဆင် ပေးမှာမဟုတ်သလို လက်နက်ပေးဖို့လည်း သဘောမတူနိုင်ဘူးလို့ တူရကီအစိုးရက ပြောလိုက်ပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားရာကို မြောက်ကိုရီးယားစစ်သားတွေ ဝင်ရောက်လာတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။
ဟောင်ကောင်မှာ ရဲတွေနဲ့ဆန္ဒပြသူတွေကြား လေးညဆက်တိုက် ပဋိပက္ခဖြစ်နေရာမှာ တနင်္ဂနွေနေ့အစောပိုင်းမှာ ရဲတွေရဲ့အတားအဆီးတွေကို ဖြတ်ဖို့ ကြိုးစားခဲ့ကြချိန် နှစ်ဘက်လုံးမှာ ထိခိုက်ဒဏ်ရာရမှုတချို့ ရှိခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား မယုံကြည်မှုကို ကျော်လွှားဖို့အပါအ၀င် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ် ဆိုတာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။
ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ စတင်ဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
ဟောင်ကောင်၊ ကောင်လွန်းကျွန်းပေါ်က Mong Kok အရပ်သပိတ်စခန်းတခုမှာ ဆက်လက်နေရာယူ ဆန္ဒပြနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒီကနေ့ စနေနေ့မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်