အမေရိကန် လုံခြုံရေးဝန်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေအပါအ၀င် အမေရိကန်အတွင်းနဲ့ တခြားနေရာတွေမှာ တိုက်ခိုက်ဖို့ အကြမ်းဖက် အဖွဲ့တွေက လှုံ့ဆော်ထားခဲ့ပြီးတဲ့နောက် မြို့တော်ဝါရှင်တန်နဲ့ တခြားမြို့ကြီးတွေက အစိုးရအဆောက်အဦးတွေမှာ လုံခြုံရေးပိုတင်းကြပ်ဖို့ အမိမြေ လုံခြုံရေးက ညွှန်ကြားထားပါတယ်။