ဆီးရီးယားမြို့တော် Damascus ဆင်ခြေဖုံးမှာ ထိန်းချုပ်ထားတဲ့ သူပုန်အဖွဲ့တွေထဲက သြဇာအကြီးဆုံး သူပုန်အဖွဲ့တခုရဲ့ ခေါင်းဆောင် Zahran Alloush ဟာ လေကြောင်း တိုက်ခိုက်မှု တခုကြောင့် သေဆုံးသွားခဲ့တယ်လို့ သူပုန်အဖွဲ့နဲ့ နီးစပ်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။