မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ်သစ်ကူးနေ့ သူ့ရဲ့မိန့်ခွန်းထဲမှာ သူ့နိုင်ငံရဲ့ နျူကလီးယားအစီ အစဉ်နဲ့ ပတ်သက်လို့ ပြောဆိုတာမျိုးတွေ မပါပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးပုံကို အဓိက အလေးထားပြီး ပြောသွားပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ သြစတြေးလျနိုင်ငံအဆုံး ကမ္ဘာ့တလွှားက လူ သန်းပေါင်းများစွာဟာ လုံခြုံရေး တင်းကျပ်မှုတွေအောက်မှာ အကြမ်းဖက်ဖြစ်ရပ် တစုံတရာမရှိခဲ့ဘဲ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။
၂၀၁၃ခုနှစ်က ဘာသာတရားမယုံကြည်တဲ့ ဘလော့ဂါတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အမှုနဲ့ ဆက်စပ်နေတဲ့ လူနှစ်ဦးကို ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်လိုက်ပြီး၊ အခြား ၆ဦးကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု က အရေးယူပိတ်ဆို့မှု အသစ်တွေလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာကို တုန့်ပြန်တဲ့ အနေနဲ့၊ အီရန် သမ္မတ Hassan Rouhani က အီရန်ရဲ့ တာဝေးပစ် ဒုံးကျည် အစီအစဉ်ကို တိုးချဲ့ဖို့ သူ့ရဲ့ ကာကွယ်ရေး ၀န်ကြီးကို အမိန့်ပေးလိုက်ပါတယ်။
တရားခံဟာ ပြည်ပက IS အဖွဲ့ဝင်တွေဆီက ညျွန်ကြားချက်တွေရရှိခဲ့ပြီး၊ နယူးယောက်မြို့ ရိုချက်စတာမြို့က စားသောက်ဆိုင်တွေမှာ အရပ်သားပြည်သူတွေကို လက်နက်ကိုင် တိုကိခိုက်ဖို့ စီစဉ်ထားတယ်လို့ တရားရုံး ထုတ်ပြန်ချက်က ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်