ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump ဟာ အကွဲအပြဲတွေဖြစ်အောင် လုပ်တဲ့သူ၊ မိုက်မဲပြီး မှားယွင်းနေတဲ့ လူတယောက်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ဝေဖန်ပြောလိုက်ပြီးတဲ့နောက်မှာတော့ မစ္စတာ ကင်မရွန်း နဲ့ သူနဲ့ကြား ဆက်ဆံရေး ပျက်သွားနိုင်တယ်လို့ Trump က ပြောလိုက်ပါတယ်။