အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လထဲကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီညီလာခံကျရင် ပါတီရဲ့ အရေးကြီးတဲ့ မူဝါတွေကို ချမှတ်တဲ့နေရာမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်လာဖို့ အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ ဗားမောက်ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။