အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ တရုတ်နိုင်ငံ၊ Hangzhou မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ G20 ထိပ်သီးအစည်းအဝေးနဲ့လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စက်တင်ဘာလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ အာရှဒေသကို ခရီးထွက် ဖို့ရှိပါတယ်။