မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် နောက်ဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ၉ ရက်အကြာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက - မြောက်ကိုရီးယားဘက်က အဏုမြူနဲ့ ဒုံးကျည်လက်နက်တွေ တိုးပွားမယ့် စီမံကိန်းတွေကို ရပ်တန့်မယ်ဆိုရင် ဆွေးနွေးပွဲတွေကို ပြန်စလိုတဲ့စိတ်ဆန္ဒ ဆက်ရှိနေတုန်းပါပဲ-လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။