ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ မဟာမိတ် ရုရှားတပ်တွေက သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရဲ့ အရှေ့ပိုင်းဒေသကို တနင်္လာနေ့က ၄ ရက် ဆက်တိုက်အဖြစ် ဗုံးကြဲ တိုက်ခိုက်မှုတွေ တိုးမြင့် လုပ်ဆောင်ခဲ့တဲ့အတွက် အနဲဆုံး လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
မကြာခင်ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့နေရာကို ဆက်ခံဖို့ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် လောင်း (၉) ဦးအနက် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း Antonio Guterres က မဲအများဆုံးနဲ့ အသာရနေပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ကူညီထောက်ပံ့မှုပြုလုပ်ခဲ့တဲ့ တရုတ် ကုမ္ပဏီ တခုကို ရာဇ၀တ်မှုနဲ့ အရေးယူလိုက်ပြီး စီးပွားရေးဒဏ်ခတ်အရေးမှုတွေ ချမှတ်လိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာပါတယ်။
"ကြည့်ကိုကြည့်ဖြစ်ပါမယ်၊ ကျနော့်မိတ်ဆွေတော်တော်များများလည်း သူတို့ကြည့်ကြမယ်လို့ပြောတယ်၊ နောက်ပြီးတော့ ဒီစကားစစ်ထိုးပွဲက အတော်လေးအရေးကြီးပါတယ်။ ဒီနှစ်အတွက်ကတော့ ပိုတောင်အရေးကြီးသေးတယ်။"
ကိုလံဘီယာအစိုးရနဲ့ ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ FARC တို့ကြား နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဒီကနေ့ တနင်္လာနေ့မှာ လက်မှတ် ရေးထိုးတော့မှာဖြစ်လို့ ကမ္ဘာ့အနောက်ခြမ်းမှာ နှစ်အရှည်ကြာဆုံးဖြစ်နေတဲ့ တော်လှန်ပုန်ကန်မှုတွေနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက သူတို့ပိုင်တယ်လို့ ပြောနေတဲ့ အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနယ်မြေအထက်မှာ တရုတ် စစ် လေယာဉ်တွေ ပျံသန်းခဲ့တာနဲ့ပတ်သက်လို့ ဂျပန်အစိုးရက ဒီကနေ့ တရုတ်ကို သတိပေးလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သူပုန်တွေထိန်းချုပ်ထားတဲ့ Aleppo အရှေ့ပိုင်းဒေသကို ဆီးရီးယားနဲ့ ရုရှား ဂျက်တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက် နေချိန်မှာပဲ ဒီအသေအပျောက်များတဲ့ အကြမ်းဖက်မှုတွေ တိုးလာတာ နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္ဂနွေနေ့မှာ အရေးပေါ်အစည်းဝေး ခေါ်ယူခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံကနေ အကြမ်းဖက်မှုတွေတင်ပို့နေတယ်လို့ အပြစ်တင်ပြောဆိုရင်း အာရှတိုက်ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်နေတဲ့အတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပါကစ္စတန်နိုင်ငံကို အထီးကျန် ဖြစ်အောင်ပစ်ပယ်ထားကြဖို့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi က တိုက်တွန်းပြောဆိုသွားပါတယ်။
ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေကို ဆီးရီးယားနဲ့ ရုရှား တိုက်လေယာဉ်တွေက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
ပါကစ္စတန်ဟာ အကြမ်းဖက်နိုင်ငံလို့ အိန္ဒိယစွပ်စွဲ
ပြည်တွင်းဖြစ် IS ခြိမ်းခြောက်မှု ဆော်ဒီရင်ဆိုင်နေရ
နောက်ထပ်ကြည့်ရှုရန်