ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်တဦးအဖြစ် သားမက်ဖြစ်သူ Jared Kushner ကို လျာထားလိုက်တဲ့အတွက်၊ ဆွေမျိုးသားချင်းကောင်းစားရေး လုပ်ရပ်တွေကို တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်မှုနဲ့ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်မျိုးတွေ ဖြစ်နိုင်ချေ ရှိမရှိ စစ်ဆေးပေးဖို့၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေကို ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။