လန်ဒန်မြို့တော်ကို ရောက်လာတဲ့ သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့ကို ဗြိတိန်ဘုရင်မကြီးက Buckingham နန်းတော်မှာ တွေ့ဆုံပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံတာ ဖြစ်ပါတယ်။ နန်းတော်ကို ရောက်လာချိန်မှာ သမ္မတကို ကြိုဆိုတဲ့အနေနဲ့ အနားက Green Park ပန်းခြံမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့ပါတယ်။