အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ နေ့စဉ်ပြန်တိုးလာနေတဲ့အတွက် မြို့ ကြီးအတော်များများမှာ ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်နေပါတယ်။ မြို့ တော်နယူးဒေလီမှာတော့ တပတ်ကြာ ကန့်သတ်ချက်တွေ စတင် လိုက်တဲ့ဒီကနေ့မှာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်က ဦးဆောင် ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီး ညီလာခံကို ဒီသီတင်းပတ် အတွင်းကျင်းပဖို့ ရှိနေချိန်မှာဘဲ ရာသီ ဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေးကို ထိပ်တန်း ဦးစားပေး နိုင်ငံခြားရေး မူဝါဒ တခု အဖြစ် ထားရှိကြောင်း အမေရိကန် အစိုးရက အခိုင်အမာ ထပ်မံ ပြောကြားပါတယ်။
အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီမှာ COVID-19 လူနာ စံချိန်တင် များလာပြီး ကျန်းမာရေး စောင့်ရှောက်မှု မနိုင်မနင်း ဖြစ်လာတာနဲ့ အတူဘဲ မြို့တော် နယူးဒေလီကို ၆ ရက်ကြာ အသွားအလာ ကန့်သတ်တားမြစ်မှု Lockdown ချမှတ်ကြောင်း တနလာင်္နေ့မှာ ကြေညာပါတယ်။
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသတွင်းက Uyghurs တွေ၊ နောက် တခြား တာခ့် အနွယ်ဝင် မူဆလင်တွေ အပေါ်မှာ တရုတ် အစိုးရက လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇ၀တ်မှု ကျူးလွန်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုပါတယ်။
ရန်ကုန်က ဂျပန် အလွတ်သတင်းထောက် Kitazumi Yuki ကို အာဏာပိုင်တွေက ဧပြီလ ၁၈ ရက် တနင်္ဂနွေ ညပိုင်းမှာ ဖမ်းသွားတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဂျပန် NHK သတင်းက ကြေညာပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ နှစ်သောင်းခွဲကျော်နဲ့ စံချိန်တင်သွားခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးသူ ၃ ယောက်မှာ ၁ ယောက်က ကိုဗစ်ပိုး ရှိနေတာကြောင့် ဗဟိုအစိုးရအနေနဲ့ လူနာကုတင်တွေ ထပ်အားဖြည့်ပေးဖို့ နယူးဒေလီမြို့ အုပ်ချုပ်ရေးမှူးက တိုက်တွန်းလိုက်ပါတယ်။
အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က ပြင်းအား (၅.၉)ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လတ်တလောမှာ လူ အသေအပျောက် မရှိဘူးလို့ အီရန်အစိုးရပိုင် ရုပ်သံသတင်းက ကြေညာပါတယ်။ ငလျင်ဟာ အီရန်နိုင်ငံတောင်ပိုင်း နျူကလီးယား စက်ရုံရှိတဲ့ Bushehr ခရိုင်မှာ လှုပ်ခတ်ခဲ့တာပါ။
ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ လာမယ့် မေလ (၂၆)ရက်နေ့ကျရင် သမ္မတ ရွေးကောက်ပွဲတရပ် ကျင်းပသွားမယ်လို့ လွှတ်တော်ဥက္ကဌက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့က တိုက်ခန်းအိမ်ယာဝင်း တခုအတွင်း တနင်္ဂနွေ နေ့က လိုက်လံပစ်ခတ်မှုကြောင့် အခုသတင်းလွှင့်နေတဲ့ အချိန်ထိ အနည်းဆုံး လူ(၃)ဦး သေဆုံးသွားတယ်လို့ အော်စတင် ရဲတပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။
အစ္စလာမ်အစွန်းရောက် Hefazat-e-Islam အဖွဲ့ထဲက ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ Mamunul Haque ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့တော်မှာ ရဲတွေက ဖမ်းဆီးထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ပြီးခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း သူ့အဖွဲ့က ဦးဆောင်မှုနဲ့ အကြမ်းဖက် ဆန္ဒပြတာတွေ ပေါ် ပေါက် ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ဟာ ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှု တန်ပြန်ရေးမှာ အတူပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြကြောင်း စနေနေ့က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်တိုးလာတာကြောင့် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ဖို့ ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်