အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ကမ္ဘာ့အကြမ်းဖက်မှုတွေကို ကိုင်တွယ်နှိမ်နင်းမှု ရှိမရှိရဲ့ အရေးပါမှုကို ဒီတပတ် အမေရိကန်နိုင်ငံရေးမှာ သုံးသပ်ထားပါတယ်။
စီးပွားရေးအင်အားကြီး အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာမှာလည်း သြဇာအာဏာကြီးမားတာကြောင့် နိုင်ငံခြားရေးရာမူဝါဒက သမ္မတလောင်းတွေအတွက် အလွန် အရေးပါ ပါတယ်။
အမေရိကန်သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲမတိုင်ခင် ရုပ်မြင်သံကြားအစီအစဉ်တွေကနေ စကားစစ်ထိုးလေ့ ရှိပါတယ်။
Innocent of Muslim ဆိုတဲ့ ဗွီဒီယိုဇာတ်လမ်း အင်တာနက်ပေါ်ပျံ့နှံ့ပြီး တချို့တိုင်းပြည်တွေမှာ အမေရိကန်ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။
၁၁ နှစ်ပြည့် ၉/၁၁ အထိမ်းအမှတ်နေ့ကို နယူးယောက်၊ ဝါရှင်တန်နဲ့ ပင်ဆယ်ဗေးနီးယားမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။
သမ္မတအဖြစ်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေခွန်ပေးဆောင်မှုတွေကို လူထုသိအောင် ကြေညာရတာ လုပ်ရိုးလုပ်စဉ်ကိစ္စတခုဖြစ်ပါတယ်။
နိုင်ငံအနှံ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ရီပတ်ဘလီကန်နဲ့ အာဏာရ ဒီမိုကရက်ပါတီတို့ရဲ့ အပြန်အလှန် စကားစစ်ထိုးပွဲတွေ စတင်နေပါပြီ။
အမေရရိကန်သမ္မတ ရွေးကောက်ပွဲရာသီ ထုံးစံအတိုင်း Republican Party သမ္မတကိုယ်စားလှယ်လောင်း Mitt Romney ဥရောပနဲ့ အရှေ့အလယ်ပိုင်း ခရီးတွေထွက်နေပါတယ်။
ကော်လိုရာဒို ရုပ်ရှင်ရုံအတွင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်ပြီး ၁၂ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် အမေရိကန်မှာ လူတိုင်း လက်နက် ကိုင်ဆောင်ခွင့်ရှိရေးအပေါ် အငြင်းပွားမှုတွေ ပြန်ပေါ်လာပါတယ်။
အစိုးရစီမံခန့်ခွဲရေးဆိုင်ရာ အေဂျင်စီမှာ အလွဲသုံးစားမှုတွေနဲ့စပ်လျဉ်းပြီး လွှတ်တော်တွင်းမှာ ကြားနာပွဲတွေ ဆက်တိုက်ရှိနေပါတယ်။
ဝင်ငွေခွန်လျှော့ချရေးသက်တမ်း လူချမ်းသာတွေကိုထပ်တိုးမပေးဖို့နဲ့ လူဆင်းရဲနဲ့ လူလတ်တန်းစားတွေကိုသာ သက်တမ်းတနှစ်တိုးဖို့ သမ္မတက အဆိုပြုပါတယ်။
နောက်ထပ်ကြည့်ရှုရန်