အမေရိကန်ပြည်ထောင်စုမှာ Zika ဗိုင်းယပ်စ်ကြောင့် ပထမဆုံး လူတဦးသေဆုံးသွားတဲ့ သတင်း သောကြာနေ့က ထွက်လာတာပါ။ အခုချိန်ဟာ လွှတ်တော်အားလပ်ရက်သီတင်းပတ်လည်း ဖြစ်နေတော့ Zika ထိန်းချုပ်ရေး အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုချက် မပေးသေးပါဘူး။ VOA သတင်းထောက် Michael Bowman သတင်းပို့တာကို ကိုဝင်းခန့်မောင် တင်ပြပါမယ်။