ရွေးကောက်ပွဲကာလအတွင်း လူစု၊ လူဝေးဖြစ်ခဲ့တဲ့ အရှိန်ကြောင့် လာမယ့် သီတင်းပတ်တွေ အတွင်း မြန်မာနိုင်ငံမှာ COVID 19 ကူးစက်မှုနှုန်း တိုးလာဖို့ ရှိနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနလာင်္နေ့ မိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမျာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ သမ္မတ Trump က သောကြာနေ့က သူ့ရဲ့ တွစ်တာကတဆင့် ထပ်မံ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဗဟိုနဲ့ ပြည်နယ်တာဝန်ခံအရာရှိတွေကရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ လုံခြုံစိတ်ချရဆုံးဖြစ်တယ်လို့ပြောဆိုထားပါတယ်။ မအင်ကြင်းနိုင်က အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့အတွက် နေပြည်တော်မှာUEC ကို ပြည်ထောင်စုကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေနဲ့ဝန်းရံသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်းတပ်မတော်အပါအဝင်အများပြည်သူက ဒီရလဒ်ကို လက်ခံပြီးပြီမို့ အခုလို ဆက်မလုပ်သင့်ဘူးလို့ NLD ဘက်ကလည်း တုံ့ပြန်ပါတယ်။ ကိုဝင်းမင်းက တင်ဆက်ထားပါတယ်။
မြန်မာ့ရွေးကာက်ပွဲ အပြီးသတ်ရလဒ် မနေ့က ထုတ်ပြန်လိုက်ပြီး လက်ရှိအစိုးရပါတီ စံချိန်တင် အနိုင်ရလိုက်ချိန်မှာ အဓိကအတိုက်အခံပါတီနဲ့ အရင်အစိုးရပါတီဘက်ကတော့ ဒီရလဒ်အပေါ် ကန့်ကွက်ဆန္ဒပြနေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နေအိမ်ကို နိုဝင်ဘာ ၁၄ ရက်ညက သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၁,၁၀၀ ကျော်မှာ မဲဆန္ဒနယ်နေရာအများဆုံး ၉၀၀ ကျော် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လက်ရှိအာဏာရပါတီ NLD ဆက်အုပ်ချုပ်မယ့် ရှေ့အစိုးရသက်တမ်းအပေါ် အကြံပြုချက် အမြင်သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာ စုစည်းတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာချက် ထုတ်ပါတယ်။
VOA အထူးအစီအစဉ်မှာ မြန်မာ့ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးစိန်ခေါ်မှုတွေနဲ့ ပတ်သတ်ပြီး Channel FFE မီဒီယာအဖွဲ့ အယ်ဒီတာ ကိုမှူးသစ်က နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း၊ နိုင်ငံရေးဆောင်းပါးရှင် မောင်ဉာဏ၊ သမိုင်းသုတေသီ ဒေါက်တာအောင်မျိုးတို့နဲ့ ရွေးကောက်ပွဲလွန် စကားဝိုင်းကို ဆွေးနွေးထားပါတယ်။
အခုရွေးကောက်ပွဲအပြီး အဓိကအနိုင်ရခဲ့တဲ့ အစိုးရပါတီနဲ့၊ အရင်အစိုးရပါတီကိုထောက်ခံပေးခဲ့တဲ့တပ်မတော်တို့အနေနဲ့၊ တိုင်းရင်းသားပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သဘောထား ထူးထူးခြားခြား ပြောင်းလဲလာနေတာ၊ ဘာကြောင့်နဲ့ ဘယ်လိုဖြစ်သင့်တာကို မေးထားပါတယ်။
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွင်း ပယ်ဖျက် ချန်လှပ်ထားခဲ့တဲ့ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ အစိုးရက ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမယ်ဆိုရင် ကြိုဆိုကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တချို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာမပါဘဲ ချန်ထားခဲ့တဲ့ မဲဆန္ဒနယ်မြေတွေကို ၂၀၂၀ ရွေးကောက်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်မယ်ဆိုရင် ဥပဒေကြောင်းအရ ရွေးကောက်ပွဲ မကြာခင် ကျင်းပနိုင်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းနဲ့ တင်မြှောက်ခံရတဲ့ အရပ်သား အစိုးရတစ်ခုရဲ့ လက်အောက်မှာနှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ခဲ့တာက တိုင်းပြည်အတွင်း ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်