ရန်ကုန်မြို့တွင် အသက် ၆၀ အထက် လူကြီးများ မဲပေးကြသည့် မြင်ကွင်းတချို့။
၁၀ ရက်ပဲလိုတော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေမှာ၊ လူသေစေတဲ့အထိ အကြမ်းဖက်မူတွေဖြစ်လာတဲ့အပေါ်၊ ဘယ်လို ဖြစ်ရတာနဲ့ လျော့ချနိုင်တာကို၊ ရွေးကောက်ကွဲစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်၊ လက်ရှိအစိုးရပါတီပြောခွင့်ရနဲ့၊ ယခင်အစိုးရပါတီပြောခွင့်ရနဲ့ ဝန်းရံသူတစ်ဦးကိုမေးထားပါတယ်။
မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ စစ်ရေးတင်းမာမှုတွေနဲ့ ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ အပါအ၀င် မဲပေးခွင့်ဆုံးရှုံးမယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းတွေကို သွားရောက်ပို့ဆောင်တဲ့ မော်တော်ယာဉ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ပြောပြပါမယ်။
မြန်မာ့ရွေးကောက်ပွဲ ကျင်းပဖို့ရက်ပိုင်းပဲရှိတော့ချိန်မှာ၊ UEC လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်းရင်းသားတွေ ထိခိုက်မယ့် ဆုံးဖြတ်ချက်ကြီးတွေကို၊ ထင်သာမြင်သာမရှိဘဲ ချခဲ့တယ်လို့၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုက ဝေဖန်လိုက်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ၁ ပတ်ကျော်လောက်သာ လိုတော့တဲ့ အချိန်မှာ မဲဆန္ဒနယ်မြေ အပြောင်းအလဲတွေ အပါအဝင် ပြင်ဆင်မှုတွေအပေါ် အကဲခတ်တွေက စိုးရိမ်မှုတွေ ရှိနေတဲ့အေကြာင်း ပြျောပပါမယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ "လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံမှုပေးမယ်။"ဆိုတဲ့ ရွေးကောက်ပွဲဂတိကဝတ်ပေးဖို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ မြန်မာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသားတွေအပါအ၀င် လူနည်းစုလူမျိုးတွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ဆုံးရှုံးနေပြီး ဒါဟာ အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။
စနေည တင်ဆက်ပေးမယ့် ရွေးကောက်ပွဲအထူးအစီအစဉ် စကားဝိုင်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ဥပဒေပြု လွှတ်တော်များရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးတင်ပြမှာပါ။ Channel FFE မီဒီယာ အဖွဲ့က အယ်ဒီတာ ကိုမှူးသစ်က ဆလိုင်းအောင်လျန်၊ ဒေါ်ဇင်မာအောင်၊ ဦးသိန်းထွန်းဦးတို့နဲ့အတူ ဆွေးနွေး တင်ပြထားပါတယ်။
COVID 19 ရောဂါထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် အကောင်းဆုံး အစီအစဉ်တွေကို ကြည့်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အညီ လုပ်ကိုင်နေတာကြောင့် ရွေးကောက်ပွဲနေ့မှာ စိတ် လုံလုံခြုံခြုံနဲ့ မဲပေးဖို့ အခြေအနေ ရှိနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံက ပြောပါတယ်။
ဒီမိုကရေစီဖော်ဆောင်မယ် ဆိုတဲ့ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင်းက သိန်းချီတဲ့ ရခိုင်ပြည်သူတွေ နိုင်ငံသားအခွင့်အရေးဆုံးရှုံးပြီး မဲပေးခွင့်မရတော့မယ့် အခြေအနေဟာ ပြည်သူတွေအတွက် ကိုယ်စားပြုမှု ဆုံးရှုံးရတော့မယ့် အနေအထားဖြစ်နေတယ်လို့ ဒေသတွင်း အင်အားကြီးတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ANP က ပြောဆိုလိုက်ပါတယ်။
ကပ်ရောဂါကူးစက်မှု အများဆုံးကြုံနေရာတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်း အပါအ၀င် နိုင်ငံအ၀န်းမှာ ကြိုတင်ဆန္ဒမဲ ပေးနိုင်အောင် စီစဉ်နေတယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်