Trump အစိုးရသစ်ဝန်ကြီးရွေးချယ်မှု
အမေရိကန် အထက်လွှတ်တော်အနေနဲ့ Donald Trump ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အဖွဲ့ဝင်ဝန်ကြီးတွေခန့်ထားရေးအပေါ် ဆက်လက်အာရုံစိုက်ပြီး ဒီသတင်းပတ်အတွင်းမှာထပ်ပြီး မဲပေးကြဖို့ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ သမိုင်းအစဉ်အလာအရ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်းရဲ့ အမှတ်သင်္ကေတဖြစ်သလို၊ နိုင်ငံရေးအပြောင်းအလဲအဖြစ် ထင်ဟပ်ပြသ နေပါတယ်။ အမေရိကန် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအကြောင်း Jim Malone သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရန့် သမ္မတသစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ အခမ်းအနား အစီအစဉ်၊ လုံခြုံရေးအရ ပြင်ဆင်မှု၊ Trump ကို ထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ ဆန္ဒပြပွဲတွေ အကြောင်း မခင်ဖြူထွေးက ကိုကျော်ကျော်သိန်းကို မေးမြန်းထားပါတယ်။
အမေရိကန်သမ္မတအိုဘားမားက တိုင်းပြည်ရဲ့အနာဂတ်အပေါ် အကောင်းမြင်ပေမဲ့ သဘောထားကွဲပြားမှုတွေကြောင့် တိုင်းပြည်ရဲ့အခြေခံစံတန်ဖိုးတွေ ထိခိုက်မှာစိုးရိမ်ကြောင်း ပြောပါတယ်။ တာဝန်ကအနားမယူခင် နောက်ဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း Mary Alice Salinas ပေးပို့တဲ့သတင်းကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုလျှော့ချရေး၊ သားဆက်ခြားတာလို ကိစ္စရပ်တွေအပါအဝင် သမ္မတအိုဘားမား အစိုးရ အထူးအာရုံစိုက်လုပ်ခဲ့တဲ့ နိုင်ငံခြားထောက်ပံ့ကူညီရေးဟာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး သီတင်းပတ်ထဲမှာကိုပဲ ပြဿနာတွေ တက်လာနိုင်ပါတယ်။ ဒီအကြောင်း Steve Herman ပေးပို့တဲ့သတင်းကို မအေးသန္တာကျော်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပဖို့ရက်ပိုင်းပဲ လိုတော့တဲ့အချိန်အထိ ရွေးကောက်ခံသမ္မတ Trump နဲ့ ရုရှားအစိုးရကြား ဆက်ဆံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကတော့ ဆက်ပြီး ရှိနေပါတယ်။ ရုရှားသမ္မတရဲ့ခေါင်းဆောင်မှုကို Trump ကချီးကျူးထားတာပါ။ZlaticaHoke ပေးပို့တဲ့သတင်းကိုကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ချီတက်ဖျော်ဖြေကြမယ့် ဘင်ခရာအဖွဲ့တွေဟာ ၀ါရှင်တန် ဒီစီ မြို့တော်ကို လာနေကြပါပြီ။ ရွေးကောက်ခံသမ္မတ Trump ကို မကျေနပ်တဲ့သူတွေက ချီတက်ဖျော်ဖြေပွဲတွေမှာ မပါဘဲ သပိတ်မှောက်ဖို့ လှုံ့ဆော်တာတွေကြောင့် အငြင်းပွားမှုတွေလည်း ရှိပါတယ်။ အေပီသတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
Trump အစိုးရ ပထမရက်၁၀၀ စိန်ခေါ်မှုများ
Trump သမ္မတအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့ မဲဆွယ်စည်းရုံးချိန် ပြောဆိုခဲ့တဲ့ အထင်ကရကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကွဲလွဲနေတဲ့ အမြင်သဘောထားတွေကို မစ္စတာ Trump ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် ရှိပါလဲ။ Mary Alice Salinas ပေးပို့တဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးဟာ ဘယ်လိုအခန်းကဏ္ဍကရှိနေမလဲဆိုတာ အများစိတ်ဝင်စားစရာတခုဖြစ်နေပါတယ်။ Trump အစိုးရရဲ့ လူ့အခွင့်အရေးအပေါ်သဘောထားတွေကို ဝေဖန်မှုတွေရှိနေကြောင်း VOA သတင်းထောက် Bill Gallo သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Trump အစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Rex Tillerson က ကမ္ဘာ့အလယ်မှာ ရုရှားနိုင်ငံရဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ပုံစံသစ်နဲ့ချဉ်းကပ်ဖို့လိုကြောင်း ပြောပါတယ်။ NikeChingရဲ့သတင်းလွှာကိုကိုအောင်လွင်ဦးကတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်