အမေရိကန်သမ္မတ Trump ရဲ့ သမ္မတသက်တမ်း ပထမတလအတွင်း ထောက်ခံသူတွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရသလို ဆန့်ကျင်ဝေဖန်သူတွေအတွက် ဒေါသထွက်စရာတွေလည်း ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ချိန်ကစလို့ နိုင်ငံရေးသဘောထား ကွဲလွဲနေတာတွေ အဆုံးမသတ်သေးတဲ့အကြောင်း Jim Malone သတင်းလွှာကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ရုရှားနဲ့ တူညီတဲ့ရပ်တည်ချက်ရှာတာ၊ အီရန်နဲ့ တရုတ်တို့အပေါ် ပိုတင်းမာတဲ့သဘောထားမျိုးနဲ့ ချဉ်းကပ်တာ စတဲ့ နိုင်ငံခြားရေးမူဝါဒမှာ အပြောင်းအလဲကြီးတွေ လုပ်သွားမယ်လို့ မဲဆွယ်ပွဲကာလအတွင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကတိပေးခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Jesusemen Oni ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကန်လုံခြုံရေးအကြံပေး နှုတ်ထွက်မှုရဲ့ နိုင်ငံရေးဂယက်
မူဆလင်နိုင်ငံ ၇ နိုင်ငံက ပြည်သူတွေအပေါ် ပြည်ဝင်ခွင့်တားမြစ်တဲ့ သမ္မတ Donald Trump အမိန့်ကို ဆိုင်းထားဖို့ ဖယ်ဒရယ်အယူခံတရားရုံးက ဆုံးဖြတ်လိုက်ပေမယ့်၊ သမ္မတအိမ်ဖြူတော်ကတော့ ပြည်ဝင်ခွင့်ကန့်သတ်ဖို့ ကြိုးစားမှုတွေ မလျှော့သေးပါဘူး။ ဒီအကြောင်း Michael Bowman ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က နိုင်ငံတော် ရှေ့နေချုပ်အဖြစ် လျာထားခံခဲ့ရတဲ့ အထက်လွှတ်တော်အမတ် Jeff Sessions ကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ Michael Bowman ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump ရဲ့ လူဝင်မှုကြီးကြပ်ရေးအမိန့်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကြား စိတ်မသက်သာစရာ အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။ မူဆလင်နိုင်ငံ ၇ နိုင်ငံက လူတွေကို အမေရိကန်ပြည်ထောင်စုထဲ ပြည်ဝင်ခွင့် သမ္မတက တားမြစ်လိုက်တာပါ။ AP သတင်းဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
အငြင်းပွားစရာ ကြုံနေရတဲ့ သမ္မတရဲ့ လူဝင်မှုကြီးကြပ်ရေးအမိန့်
အမေရိကန်ကို မွတ်ဆလင်နိုင်ငံ ၇ နိုင်ငံကသူတွေ လာရောက်ခွင့် ယာယီပိတ်ပင်ထားတဲ့ သမ္မတအမိန့်နဲ့ပတ်သက်လို့ ပြည်ထောင်စုအယူခံတရားရုံးမှာ ဒီကနေ့ ကြားနာဖို့ရှိပါတယ်။ အဲဒီ ၇ နိုင်ငံကိုမှ ဘာကြောင့် ထည့်သွင်းခဲ့တာလဲ စတဲ့မေးခွန်းတွေကတော့ ရှိနေဆဲပါ။ Masood Farivar ရဲ့ သတင်းလွှာကို မအေးသန္တာကျော် ပြောပြပေးပါမယ်။
အမေရိကန်-မက္ကစီကို နယ်စပ်တလျှောက် တံတိုင်းကာရံဖို့ သမ္မတ Donald Trump အမိန့် ကြေညာချက်နဲ့ ပတ်သတ်လို့ တံတိုင်းအတွက်သုံးစွဲမယ့်ငွေကြေးကို လွှတ်တော်မှာဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်တဲ့အကြောင်း VOA သတင်းထောက် Ramon Taylor ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကလူတွေကို ခရီးသွားပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့အမိန့်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေကြား သဘောထားကွဲလွဲချက်တွေ ထပ်မံပေါ်ပေါက်နေတာကို ဗဟိုတရားရုံးချုပ်က ဆုံးဖြတ်ရေးရမယ့် အနေအထားရောက်နေကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
သမ္မတ Trump ရဲ့ ၀န်ကြီးအဖွဲ့ဝင်တွေ ခန့်ထားရေး လုပ်ငန်းစဉ်တွေ မအောင်မြင်အောင် ဒီမိုကရက်ဘက်က ကြိုးပမ်း နှောက်ယှက်နေတဲ့ကြားမှာပဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ်သမ္မတTrump ရွေးချယ်ထားသူကိုရီပတ်ဘလစ်ကန် အများစုလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို မခွာညိုက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump တက်လာပြီး သီတင်းနှစ်ပတ်တောင် မပြည့်သေးခင် သူ့အပေါ် တရားစွဲဆိုမှုတွေ အတော်များများ ဖြစ်လာပါတယ်။ မူစလင်တွေကို ပြည်ဝင်ခွင့်တားမြစ်တာလို့ လူအများအပြား ရည်ညွှန်းပြောဆိုနေတဲ့ သမ္မတရဲ့အမိန့်ညွှန်ကြားချက်နဲ့ ဆက်နွယ်ပြီး တရားစွဲဆိုကြတာပါ။ Zlatica Hoke ရဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်