အမေရိကန်တရားလွှတ်တော်ချုပ်မှာ လစ်လပ်နေတဲ့ တရားသူကြီးတနေရာအတွက် ကိုလိုရာဒိုပြည်နယ်က တရားသူကြီး Neil Gorsuch ကို သမ္မတ Donald Trump က လျာထား၊ ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီး အထူးစိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြော၊ တပတ်အတွင်း အားကစားသတင်း စသည်
တရားရုံးချုပ် တရားသူကြီး လျာထား
Donald Trump နဲ့ မက္ကဆီကို တံတိုင်း
ပြည်တွင်းရေးရာ ဦးစားပေးမူဝါဒတွေရဲ့ အဓိကအပိုင်းတွေကို ချက်ချင်းတွန်းလုပ်ဖို့ အမိန့်ညွှန်ကြားချက်တွေကို သမ္မတTrump လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်မှုနဲ့ နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲမသမာမှုစုံစမ်းစစ်ဆေးမှုလည်း ပါဝင်ပါတယ်။JimMaloneရဲ့သတင်းကိုကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၇ ခုက ပြည်သူတွေ အမေရိကန် ပြည်ဝင်ခွင့် ယာယီ တားမြစ်တဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်ကို အမေရိကန် ဒီမိုကရက် လွှတ်တော် အမတ်တွေက မနေ့ တနလာင်္နေ့က ပြင်းပြင်းထန်ထန် Katherine Gypson အမေရိကန် လွှတ်တော်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ ကတိက၀တ်တွေထဲက တခုဖြစ်တဲ့ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်မှုတွေ တားဆီးရေး အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံကြား တံတိုင်းခတ်ဖိုဆိုတာကို စတင် လုပ်ဆောင်နေပါပြီ။ ဒီအကြောင်း Aru Pande ရဲ့ သတင်းလွှာကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
Trump အစိုးရသစ်ဝန်ကြီးရွေးချယ်မှု
အမေရိကန် အထက်လွှတ်တော်အနေနဲ့ Donald Trump ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အဖွဲ့ဝင်ဝန်ကြီးတွေခန့်ထားရေးအပေါ် ဆက်လက်အာရုံစိုက်ပြီး ဒီသတင်းပတ်အတွင်းမှာထပ်ပြီး မဲပေးကြဖို့ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ သမိုင်းအစဉ်အလာအရ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်းရဲ့ အမှတ်သင်္ကေတဖြစ်သလို၊ နိုင်ငံရေးအပြောင်းအလဲအဖြစ် ထင်ဟပ်ပြသ နေပါတယ်။ အမေရိကန် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအကြောင်း Jim Malone သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရန့် သမ္မတသစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ အခမ်းအနား အစီအစဉ်၊ လုံခြုံရေးအရ ပြင်ဆင်မှု၊ Trump ကို ထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ ဆန္ဒပြပွဲတွေ အကြောင်း မခင်ဖြူထွေးက ကိုကျော်ကျော်သိန်းကို မေးမြန်းထားပါတယ်။
အမေရိကန်သမ္မတအိုဘားမားက တိုင်းပြည်ရဲ့အနာဂတ်အပေါ် အကောင်းမြင်ပေမဲ့ သဘောထားကွဲပြားမှုတွေကြောင့် တိုင်းပြည်ရဲ့အခြေခံစံတန်ဖိုးတွေ ထိခိုက်မှာစိုးရိမ်ကြောင်း ပြောပါတယ်။ တာဝန်ကအနားမယူခင် နောက်ဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း Mary Alice Salinas ပေးပို့တဲ့သတင်းကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုလျှော့ချရေး၊ သားဆက်ခြားတာလို ကိစ္စရပ်တွေအပါအဝင် သမ္မတအိုဘားမား အစိုးရ အထူးအာရုံစိုက်လုပ်ခဲ့တဲ့ နိုင်ငံခြားထောက်ပံ့ကူညီရေးဟာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး သီတင်းပတ်ထဲမှာကိုပဲ ပြဿနာတွေ တက်လာနိုင်ပါတယ်။ ဒီအကြောင်း Steve Herman ပေးပို့တဲ့သတင်းကို မအေးသန္တာကျော်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်