၈၈ မျိုးဆက်ခေါင်းဆောင်တွေအနေနဲ့ တဦးချင်းဆုံးဖြတ်ချက်နဲ့ နိုင်ငံရေး လုပ်ဆောင်နေကြပြီးတော့ ပုံသဏ္ဍာန်ကွဲပြီး ဦးတည်ချက်တခုတည်းကို သွားတာပါလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ရန်ကုန်၊ ဗဟန်းမြို့နယ် ပြည်သူ့ပါတီဌာနချုပ်မှာ ဝိုင်းတော်သားကိုကျော်ကျော်သိန်းက ဦးကိုကိုကြီးကို တွေ့ဆုံ မေးမြန်းထားပါတယ်။
ပါပူးဝါးနယူးဂီနီနိုင်ငံမှာကျင်းပခဲ့တဲ့ APEC ခေါ် အာရှနဲ့ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံအပြီးမှာ တရားဝင်ကြေညာချက်ထုတ်ပြန်ရေး ညှိနှိုင်းလို့မရခဲ့ကြပါဘူး။ VOA ရဲ့ နိုင်ငံခြားရေးဌာနဆိုင်ရာ သတင်းထောက် Nike Ching ကသတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို နိုင်ငံတ၀န်းက လာရောက်ပါဝင် ဆင်နွှဲကြပါတယ်။ တောင်ကြီး မီးပုံပျံပွဲတော်က ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သလို မီးပုံးတွကို ပုံဆန်းတွေ လုပ်လာတာကြောင့် ပွဲတော်လာ ပရိသတ် ဘေးကင်းလုံခြုံမှု အတွက် စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပါမယ်။
သတင်း အကျဉ်းချုပ် (၁၁.၂၀.၂၀၁၈)
အမေရိကန်မှာ နေထိုင်သူ ဆော်ဒီသတင်းထောက် သေဆုံးခဲ့တဲ့ ကိစ္စ၊ သမ္မတ Trump အစိုးရ ဆုံးဖြတ်ချက်နဲ့၊ ဒီကိစ္စကြောင့် အမေရိကန်နဲ့ ဆော်ဒီအကြား ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိလာမယ်ဆိုတာ ၀ါရှင်တန်နိုင်ငံရေးမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြမှာပါ။
အမေရိကန်လွှတ်တော် ကြားကာလ ရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်လို့ မပြီးသေးချိန်မှာပဲ ၂၀၂၀ မှာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲအတွက် အဓိကပါတီကြီးနှစ်ရပ်လုံး အာရုံစိုက်နေကြပါပြီ။ အမေရိကန်သမ္မတရွေးကောက်ပွဲ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး VOA သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းကို နန်းလောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း Appalachian တောင်တန်းတွေပေါ်က ကျောက်မီးသွေးထုတ်ခဲ့တဲ့ ကွင်းပြင်တွေမှာ သဘာ၀၀န်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားသူတချို့က သစ်ပင်တွေ ပြန်စိုက်နိုင်အောင် ကြိုးစားနေကြပါတယ်။ Steve Baragona သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာ အစီအစဉ်မှာ မျက်မှောက်သတင်းလောကမှာ သုံးနေတဲ့ အီဒီယံ အသုံးတချို့ကို ဒေါ်လှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
သတင်း အကျဉ်းချုပ် (၁၁.၁၉ .၂၀၁၈)
ရပ်ကွက်အသီးသီးမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ ထိထိရောက်ရောက်အရေးယူပေးတာမျိုး မလုပ်လို့၊ ရပ်ကွက်သူရပ်ကွက် နေ့စဉ်ဘ၀ နေထိုင်မှုမှာ အထူးအနှောက်အယှက်ပေးနေတဲ့ အသံချဲ့စက်ဒဏ်ကို ခံနေကြရတာ ကြာပါပြီ။ စည်းမျဉ်းတွေရှိပေမယ့် မလိုက်နာကြတာ ဘာ့ကြောင့်ပါလဲ။ မြစ်မခသတင်းအေဂျင်စီက မကေသရီက တင်ပြပေးထားပါတယ်။
ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းတည်နေပုံ မြေအနေအထားက မြေနိမ့်ပိုင်းမှာဖြစ်လို့ မိုးရာသီမှာ ဘယ်လောက်အခက်အခဲတွေ ကြုံခဲ့ရလဲဆိုတာ ဒီကနေ့အစီအစဉ်မှာ ကြည့်ရပါမယ်။ VOA က အစီအစဉ်တင်ဆက်သူ Greta Van Susteren က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စန်းကိုသွားရောက်ရိုက်ကူးပြီး တင်ဆက်တာဖြစ်ပါတယ်။
VOA Plugged In အစီအစဉ်တင်ဆက်သူ Greta Van Susteren က ၂၀၁၈ နှစ်လည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့အနီးက ရိုဟင်ဂျာဒုက္ခသည်စန်းကို သွားရောက်ပြီး စခန်းအခြေအနေကို မှတ်တမ်းရုပ်သံရိုက်ကူးခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဒုက္ခသည်စခန်းတွေရဲ့ မြေပြင်အခြေအနေနဲ့ နေထိုင်မှုအခက်အခဲ၊ ပြဿနာတွေကို ကြည့်ရပါမယ်။
နောက်ထပ်ကြည့်ရှုရန်