အမေရိကန် ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ တ၀ိုက်မှာ ဆောင်းရာသီဝင်စဆိုရင် သစ်ရွက်တွေ အရောင်ပြောင်းသွားတတ်ပြီး ပတ်ဝန်းကျင်တခုလုံး ရောင်စုံသစ်ရွက်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ၀ါရှင်တန်ဆောင်းဦးပေါက် ရောင်စုံသစ်ရွက်တွေကို အခုလို တွေ့မြင်နိုင်ပါတယ်။
ဗုဒ္ဓဘာသာဝင် ၉၀% နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဝါလကင်းလွတ် သီတင်းကျွတ်၊ တန်ဆောင်မုန်းလမှာဆိုရင်၊ အလှူအတန်းတွေနဲ့ ခြိမ့်ခြိမ့်သဲ စည်ကားနေတာ နဲ့အတူ ဆူညံလှတဲ့ အသံချဲ့စက်လော်စပီကာသံကို နားမခံနိုင်အောင်ဖြစ်ကြရပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံင်္ပြီး ဒေါ်ခင်စိုးဝင်း က တင်ပြပေးပါမယ်။
NCA လက်မှတ်ထိုးခဲ့တဲ့ လက်နက်လူအင်အားအတောင့်ဆုံး တိုင်းရင်းသားအဖွဲ့ ၂ဖွဲ့ က ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ ရပ်ဆိုင်းလိုက်တာမို့ ငြိမ်းချမ်းရေးခရီး နောက်ကြောင်းပြန်သွားပြီလို့ သုံးသပ်တာတွေ ထွက်လာတာပါ။ မေခက စုစည်းတင်ပြထားပါတယ်။
ဒီနေ့ကျရောက်တဲ့ ကျေးဇူးတော်နေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စုတဝန်းလုံး ဆင်နွှဲနေကြပါတယ်။ Michigan ပြည်နယ်၊ Detroit မြို့က Amity Foundation ပရဟိတအသင်းက ချို့တဲ့ တဲ့မိသားစုတွေအတွက် ကြက်ဆင်၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ဖြန့်ဝေပေးနေပါတယ်။ Aftab Borka သတင်းပေးပို့တာကို ဒေါ်ခင်စိုးဝင်းကပြောပြပါမယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ပိုပြီး စိတ်ဝင်စားလာစေဖို့နဲ့ ပါဝင်လာစေဖို့ဆိုရင် နိုင်ငံရဲ့ပြဿနာကိစ္စရပ်တွေကို ဖြေရှင်းတဲ့နေရာမျိုးတွေမှာလူငယ်တွေရဲ့အသံကို အလေးပေး နားထောင်စေချင်တယ်လို့ လူငယ်တချို့ပြောပါတယ်။ ကိုကောင်းစံဟိန်းက တင်ဆက်ပေးမှာပါ။
သတင်း အငျဉ်းချုပ် (၁၁.၂၂.၂၀၁၈)
ယုံကြည်ချက်၊ ရပ်တည်ချက်တူတဲ့သူတွေ လွှတ်တော်ထဲရောက်သွားရင် ဆိုင်းဘုတ်တွေမတူပေမဲ့ လွှတ်တော်ထဲမှာ အားကောင်းတဲ့ မဟာမိတ် အစုအဖွဲ့ကြီးတခု ရမယ်လို့ ယုံကြည်တဲ့အကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက VOA ကို ပြောပါတယ်။ ဦးကိုကိုကြီးကို VOA ၀ိုင်းတော်သား ဦးကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်အခြေစိုက် ဆော်ဒီသတင်းစာဆရာ Khashoggi ရက်ရက်စက်စက် အသတ်ခံခဲ့ရပေမဲ့ အမေရိကန်အနေနဲ့ ဆော်ဒီအာရေဗျနိုင်ငံနဲ့ မဟာမိတ်အဖြစ် အခိုင်အမာဆက်ဆံရေးကို ဆက်လက်ထိန်းထားမှာဖြစ်တယ်လို့ သမ္မတ Trump က သတင်းထုတ်ပြန်လိုက်ပါတယ်။ VOA သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
ဆီရီယားပြည်တွင်းစစ် ဖြစ်ပွားခဲ့တာ ၈ နှစ်ထဲ ချဉ်းနှင်း ဝင်ရောက်လာနေပါပြီ။ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဆီရီးယားတပ်ဖွဲ့တွေကတော့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဒေသတွင်းက မောင်းထုတ်ဖို့ ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ သတင်းထောက် Elizabeth Cherneff ပေးပို့တဲ့သတင်းကို ကိုဝင်းမင်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှုအခြေအနေ၊ အမျိုးသမီးတွေ ပိုမို ပါဝင်ခွင့် ရခြင်းအားဖြင့် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုတာတွေကို အမျိုးသမီးများအဖွဲ့ချုပ် WLB ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်သူ မမီးမီးကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
အခုသီတင်းအတွင်း ထိပ်တန်းရောက် အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင်တွေအနေနဲ့ တဦးချင်းဆုံးဖြတ်ချက်နဲ့ နိုင်ငံရေး လုပ်ဆောင်နေကြပြီးတော့ ပုံသဏ္ဍာန်ကွဲပြီး ဦးတည်ချက်တခုတည်းကို သွားတာပါလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ရန်ကုန်၊ ဗဟန်းမြို့နယ် ပြည်သူ့ပါတီဌာနချုပ်မှာ ဝိုင်းတော်သားကိုကျော်ကျော်သိန်းက ဦးကိုကိုကြီးကို တွေ့ဆုံ မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်