ဒါဟာ ရုပ်ရှင်ရိုက်နေတာမဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံ Toulouse မြို့ က လမ်းတွေ ပေါ်မှာ စက်ရုပ်ကြီး ၂ ရုပ် ရောက်နေတာပါ။
ဒီကနေ့ အင်္ဂါနေ့မှာ ပြုလုပ်မယ့် အမေရိကန် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲရလဒ်တွေဟာ အမေရိကန်နိုင်ငံရေးရဲ့ အာဏာချိန်ခွင်လျှာ ပြောင်းမှုဖြစ်စေနိုင်သလို၊ သမ္မတ Trump ရဲ့ ကျန် သမ္မတသက်တမ်းနှစ်နှစ်အတွက် အပြောင်းအလဲတွေလည်းဖြစ်လာနိုင်ပါတယ်။ Jim Malone ရေးသားပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး တင်ပြပါမယ်။
ဒီကနေ့ ကျင်းပနေတဲ့ သမ္မတသက်တမ်း သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးမယ့်သူတွေ စိတ်အားထက်သန်နေကြသလို၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဘယ်ပါတီက အများစု ထိန်းချုပ်မလဲ အဖြေသိနိုင်ဖို့ ပိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အမေရိကတိုက်အလယ်ပိုင်း နိုင်ငံတချို့ကနေ ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလူအုပ်ကြီး အမေရိကန်ထဲမဝင်နိုင်အောင် ဟန့်တားဖို့ အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်မှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ကိုစေလွှတ်ထားပြီးဖြစ်ပါတယ်။ Ramon Taylor သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။
သတင်း အကျဉ်းချုပ် (၁၁-၀၆-၂၀၁၈)
မော်တော်ဆိုင်ကယ်စီးပြီး ကန်ရတဲ့ ဘောလုံးပွဲမှာ ဂျာမနီ က ပြင်သစ်ကို ၉ ဂိုး ၃ ဂိုး နဲ့ နိုင်သွားပါတယ်။ Motoball လို့ နာမည်ပေးထားတဲ့ ဒီအားကစားကို ယူကေနိုင်ငံ Stoneleigh မှာ ကျင်းပခဲ့တာဖြစ်ပြီး ဂျာမနီအသင်းက ခြေစွမ်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က အီတလီနိုင်ငံမှာပြင်းထန်တဲ့ မုန်တိုင်း တိုက်ခဲ့တာကြောင့် လူ ၁၅ ယောက်သေဆုံးပြီး သစ်ပင်ထောင်ပေါင်းများစွာပြိုလဲနေတာကို မြင်ကြရတာပါ။ တနာရီ မိုင် ၁၂၀ နီးပါး တိုက်ခဲ့တဲ့ လေကြောင့် Trentino Alto Adige နဲ့ Veneto ဒေသက သက်တမ်းရာချီ ရှိနေပြီ ဖြစ်တဲ့ ထင်းရှုးပင်တွေ လဲပြိုခဲ့ရတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က အီရတ် နိုင်ငံ ဘက္ကဒက် မြို့ တောင်ပိုင်းက ငါးကန်တွေထဲက ငါးကြင်းတွေ ထောင်နဲ့ချီ သေနေတာကို တွေ့ခဲ့ရပါတယ်။ ရေညစ်ညမ်းမှုကြောင့် ဖြစ်ရတယ်လို့ ငါးမွေးသူတွေက သံသယရှိပြီးတော့ အီရတ် ကျန်းမာရေးဝန်ကြီးဌာနက ရေ နမူနာတွေကို ယူပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာ ကို စုံစမ်းစစ်ဆေးနေပါပြီ။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ထောင် ၇ နှစ်ချခံရတဲ့ ရိုက်တာသတင်းသမားတွေ ဖြစ်ကြတဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ရဲ့အမှုကို ဒီနေ့ရန်ကုန်တိုင်း တရားလွှတ်တော် မှာ အယူခံတင်သွင်းလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေ့နေ ဦးသန်းဇော်အောင် အခုလို ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ အမျိုးသမီးဦးရေအများအပြား ဝင်ရောက်အရွေးခံမှာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံရေး ကျွမ်းကျင်သူတွေက ဒီနှစ်ကို အမျိုးသမီးနှစ်ရယ်လို့ တင်စားနေကြပါတယ်။ VOA သတင်းထောက် Carolyn Presutti ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်က ရှားပါးလိပ်မျိုးစိတ်တချို့ ကျန်နေသေးတယ် ဆိုပေမဲ့၊ ဒီရှားပါးလိပ်တွေ မျိုးတုံးပျောက်ကွယ်မယ့်အန္တရာယ် ကြုံနေရတဲ့အကြောင်း လိပ်တွေကို ထိန်းသိမ်းကာကွယ်နေသူတွေက ပြောပါတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
Facebook လူမှုကွန်ယက်ဟာ မိတ်ဆွေ သူငယ်ချင်းတွေအတွက် မွေးနေ့ဆုတောင်းပေးဖို့ အဆင်ပြေတဲ့နေရာတခုပါ။မွေးနေ့ရှင်တွေ သူတို့မွေးနေ့မှာ လှုဒါန်းချင်တဲ့ လူမှုရေးအဖွဲ့တွေကို တိုက်ရိုက်ငွေလှုဒါန်းပေးနိုင်တဲ့ အစီအစဉ်တခုကို ဖေ့ဘုတ်က စတင်လိုက်ပါတယ်။ Michelle Quinn သတင်းပေးပို့တာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်