ခရစ္စမတ်စ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် သက်သက်သာမဟုတ်ဘဲ လူသားအားလုံးအတွက် ပျော်ရွှင်စရာ ပွဲတော် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရန်ကုန်မြို့မှာ ခရစ္စမတ်စ်ပွဲတော်ကို ဘယ်လိုဆင်နွှဲကြသလဲဆိုတာနဲ့ ခရစ္စမတ်စ် ဆုတောင်းစကားတွေကို ကိုယ်တိုင် သွားရောက် ရိုက်ကူး မေးမြန်းခဲ့တဲ့ ကိုထက်အောင်ခန့်က တင်ဆက်ထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ ပွဲတော်တွေ၊ အောင်မြင်မှုတွေ၊ တီထွင်မှုတွေ နဲ့ ဂင်းနစ် ကမ္ဘာ့စံချိန် သစ်တွေ အကြောင်း မအိသန့်စင် နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
သတင်း အကျဉ်းချုပ် (၁၂-၂၅-၂၀၁၈)
ဒီဇင်ဘာလ ၁၆ရက်နေ့က အမေရိကန်ပြည်ထောင်စု San Diego မြို့မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ သူတို့ရဲ့ ပိုင်ရှင်တွေဟာ အားလပ်ရက်ချီတက်ပွဲအဖြစ် လမ်းမတွေပေါ်ထွက်ခဲ့ကြပါတယ်။ ဒီနှစ်ဟာ (၁၁)ကြိမ်မြောက်ချီတက်ပွဲလည်း ဖြစ်ပါတယ်။ #voasocial #voaburmese
ဝါရှင်တန်ဒီစီမြို့တော်နားက Light-Up လို့ခေါ်တဲ့ ခရစ္စမတ်ပွဲတစ်ခုမှာတော့ ရွှံ့စေးနဲ့ အရုပ်လေးတွေဖန်တီးနေတဲ့ တရုတ်ပညာရှင်တစ်ဦးရဲ့ လက်ရာကို အခုလိုတွေ့ရပါတယ်။ #voasocial #voaburmese
၂၀၁၈အတွင်း ရိုဟင်ဂျာအရေးပဋိပက္ခ
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံလွှာနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။ ကိုကျော်ကျော်သိန်း သတင်းပေးပို့ထားပါတယ်။
ဒီနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ ကမ္ဘာတ၀ှမ်းမှာ ခရစ္စမတ်သစ်ပင်တွေ ဘယ်လို ပြင်ဆင်ထားသလဲ၊ ဘယ်လို မီးထွန်းပွဲတွေနဲ့ အခမ်းအနားတွေ ကျင်းပကြသလဲဆိုတာ မအေးသန္တာကျော်က ပြောပြပါလိမ့်မယ်။
ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာ အစီအစဉ်မှာ အခုလို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ကျေးဇူးတော်နေ့ နဲ့ ခရစ္စမတ်ကာလ ညစာစားပွဲတွေမှာ မပါရင်မဖြစ်တဲ့ ကြက်ဆင်လို့ အဓိပ္ပါယ်ရတဲ့ Turkey ကို အခြေခံတဲ့ အီဒီယံ အသုံးတွေကို ဒ်ါလှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
သတင်း အကျဉ်းချုပ် (၁၂-၂၄-၂၀၁၈)
မူဝါဒရေးရာကိစ္စရပ်တွေရဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှု နည်းနေတုန်းဖြစ်ပြီး အစိုးရအနေနဲ့ ကျားမတန်းတူအခွင့်အရေးအတွက် ဘယ်လို ပံ့ပိုးဆောင်ရွက်ပေးနိုင်ပါသလဲ။ အခြေအနေအပြည့်အစုံကို မြစ်မခသတင်းအေဂျင်စီက ကိုကောင်းမြတ်ဖြိုးက တင်ပြပေးထားပါတယ်။
ရခိုင်မြောက်ပိုင်းပဋိပက္ခမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုလို့ အမေရိကန်အောက်လွှတ်တော်ကပြောတာဟာ သူတို့ကိုဖိအားပေးတာဖြစ်တယ်လို့ မြန်မာအစိုးရကပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်ရဲ့ ပြောကြားချက်ကို အစိုးရလိုပဲကန့်ကွက်သူတွေကရော ဘယ်လိုရှုမြင်ပါသလဲ။ မမေခ မေးမြန်းတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်