ဘယ် ဘာသာတရားကိုပဲဖြစ်ဖြစ် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုတာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာမှာ ကြီးကြီးမားမား လုံ့လထား အားစိုက်လုပ်ဆောင်နေတဲ့ အမေရိကန်တို့ရဲ့ စံတန်ဖိုး တခုဖြစ်ပါတယ်။ VOA သတင်းထောက် Steve Redisch ရေးသားထားတဲ့ သတင်းကို ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဒေါ်အောင်ဆန်းစုကြည်ကို နားချ ဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးတွေက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြမှာပါ။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ အာဖဂန်နစ္စတန်နိုင်ငံက အွန်လိုင်းစီးပွါးရေးအကြောင်းနဲ့ ဟောင်ကောင်ဟာ စီးပွါးရေးလွတ်လပ်မှု အရှိဆုံးနေရာမှာ ရောက်နေတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းပြပွဲ MWC ခေါ် Mobile World Congress ကို ဒီသီတင်းပတ်အစပိုင်းက စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှတ်တမ်းတွေအရ စမတ်ဖုန်းဈေးကွက်ဟာ ၄၇၈ ဘီလီယံဒေါ်လာရှိပါတယ်။ VOA သတင်းထောက် George Putic ရဲ့ သတင်းကိုတော့ ကိုဝင်းခန့်မောင်က ပြောပြပါလိ့မ်မယ်။
စက်ရုပ်တွေဟာ လူသားတွေရဲ့ အလုပ်အတော်များများကို အစားဝင် နေရာယူနေကြပြီလို့ စီးပွါးရေးနဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ စက်ရုပ်တွေ လူသားတွေနဲ့ တွဲပြီး အလုပ်လုပ်ဖို့မှာ အခက်အခဲတွေ ရှိနေသေးတဲ့အကြောင်း George Putic ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
စက်ရုပ်သစ် Spotmini ရဲ့ စွမ်းရည်
တရုတ်နိုင်ငံမှာ သမ္မတရာထူး တာဝန်ထမ်းဆောင်တဲ့ သက်တမ်း အကန့်အသတ်မထားဖို့ အဆိုပြုထားပြီး ဒီအတိုင်းဆိုရင် သမ္မတ Xi Jinping ဟာ ဘ၀တလျှောက်လုံး သမ္မတတာဝန်ကို ယူခွင့် ရရှိသွားနိုင်ပါတယ်။ အမေရိကန်တုန့်ပြန်ချက်အကြောင်း Bill Gallo ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။
မဇ္ဈိမရုပ်သံလိုင်း၊ Mizzima TV Channel တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Augmented Reality လို့ခေါ်တဲ့ အမှန်တကယ် ရှိသယောင် ပတ်ဝန်းကျင်အတု ဖန်တီးတဲ့ AR နည်းပညာနဲ့ Virtual Reality လို့ခေါ်တဲ့ သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်စစ်တွေ ဖန်တီးတဲ့ VR နည်းပညာတွေကို သုံးနေတဲ့ အမေရိကန်စာပို့လုပ်ငန်းအကြောင်း Elizabeth Lee ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဒီသီတင်းပတ် ရုပ်ရှင်ထဲက အင်္ဂလိပ်စာ အစီအစဉ် မှာ "The Fate of the Furious" ရုပ်ရှင်ကားထဲက "Let’s roll" ဆိုတဲ့စကားကို ဘယ်လိုသုံးထားတယ် ဆိုတာ မအေးသန္တာကျော်က ပြောပြပါမယ်ရှင်။
အခု တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်