ငလျင်ကြောကြီး ၄ ခုအပေါ်မှာ ရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးစား ငလျင်ကြီး မလှုပ်ခတ်တာ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်နေပါပြီ။ ငလျင်ကြီးလှုပ်မယ်ဆိုရင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီး တုံ့ပြန်ရင်ဆိုင်ဖို့ အစိုးရနဲ့ နိုင်ငံတကာ ပူးပေါင်းပြီး စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေပါတယ်။ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။