ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတချို့ကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ Lucerne ရေအိုင်ကြီးမှာတော့ Red Bull အချိုရည်က ကြီးမှူးကျင်းပတဲ့ ကမ်းပါးပေါ်ကနေ ရေထဲကို ဒိုင်ဗင်ထိုးချတဲ့ ပြိုင်ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ #voasocial #voaburmese
အမေရိကန် အောက်လွှတ်တော်နေရာအတွက် Ohio ပြည်နယ်က အထူးရွေးကောက်ပွဲမှာ အနိုင်-အရှုံးတရားဝင် မဆုံးဖြတ်နိုင်သေးပေမယ့် သမ္မတ Trump နဲ့ ရီပတ်ဘလစ်ကန်တွေကတော့ ရီပတ်ဘလစ်ကန်တွေ နိုင်တယ်ဆိုပြီး ပြောနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Jim Malone ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က စုစည်း တင်ပြပေးပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လမ်းသွားလမ်းလာတွေ ဘေးကင်းလုံခြုံစေဖို့အတွက် ယာဉ်စည်းကမ်းဥပဒေတွေကို ပိုတင်းကျပ် ပြဌာန်းပေးဖို့ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အင်းလေးကန် ပတ်ဝန်းကျင်ဒေသမှာ ဟိုတယ်လုပ်ငန်းတွေ တိုးချဲ့လာနေပြီး ကျွန်းမျောနဲ့ ရေဝေရေလဲဒေသက သစ်တောတွေကို ခုတ်ထွင် ရှင်းလင်းလာတဲ့အတွက် အင်းထဲမှာ နှုန်းပို့ချတဲ့ပမာဏလည်း တဖြည်းဖြည်း ပိုများလာပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ စက်ရုပ်စားပွဲထိုးစနစ်ကို အလီဘာဘာကုမ္ပဏီက သုံးစွဲနေတဲ့ အကြောင်းနဲ့ Starbucks ကို စိန်ခေါ်မယ့် ကော်ဖီဆိုင် တရုတ်နိုင်ငံမှာ ပေါ်လာနေတဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ
ဆန်ဖရန်စစ္စကို မြို့မှာ နည်းပညာကုမ္ပဏီတွေ တိုးချဲ့စည်ကားလာနေပေမယ့် အလုပ်လက်မဲ့ဦးရေနဲ့ အိမ်ခြေယာမဲ့တွေ ပိုများလာတာကြောင့် အလုပ်လက်မဲ့တွေကို နည်းပညာကုမ္ပဏီတွေမှာ အလုပ်ရလာစေဖို့ အစီအစဉ်တခု ဖန်တီးလိုက်ပါတယ်။ Deana Mitchell ပေးပို့တဲ့သတင်းကို သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
ဗိုက်ဆာနေတဲ့ငါးမန်းနဲ့ ဇီဝဗေဒပညာရှင်
တောက်ပပြီး အတွေးခေါ်ပါတဲ့ ရဲရဲရင့်ရင့် အနုပညာတွေကို Mike Van Hall က ဖန်တီးခဲ့ပြီး သူ့ အနုပညာတွေဟာ မျှော်လင့်ထားတဲ့ ပုံမဟုတ်ပေမဲ့လည်း အလွယ်တကူ သိစေနိုင်တယ်လို့ ပြောပါတယ်။ ဘီယာဗူးတွေ ပေါ် မှာ အနုပညာ ဖန်တီးတဲ့ အနုပညာရှင်အကြောင်း Anna Rice က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အာဖရိကတိုက်နိုင်ငံအတော်များများမှာ ကာလ၀မ်းရောဂါဘေးဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းနေရပြီး ရောဂါကာကွယ်ကုသရေးမှာ ပိုပြီးထိရောက်မှုရှိစေဖို့အတွက် လူနာတွေရှိနိုင်မယ့်နေရာတွေကို ဓာတ်ပုံရိုက်ယူဖို့ အဆင့်မြင့် ဒရုန်းယာဉ်ကိုသုံးနေကြတဲ့ အကြောင်း နန်းလောင်ဝ်က တင်ပြမှာပါ။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က တောင်ကြားဒေသတစ်ခုမှာ လေထုညစ်ညမ်းမှုကြောင့် ဒေသခံတချို့ ပန်းနာရင်ကြပ်ရောဂါခံစားနေရပါတယ်။ လေထုညစ်ညမ်းမှု လျော့ပါးအောင် ကြိုးပမ်းနေကြတဲ့အကြောင်း မရေဗကာ က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်