အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေး သမ္မတထရမ့်တောင်းဆိုမှုနဲ့ ပတ်သက်ပြီး သမ္မတနဲ့ အတိုက်အခံ ဒီမိုကရက်တွေအကြား အသုံးစရိတ်ရန်ပုံငွေ ခွဲဝေချထားရေး ပြေလည်မှု မရရှိကြသေးဘဲ အစိုးရဌာနတွေအတော်များများ ပိတ်ထားရတာ ၃ ပတ်နီးပါးရှိနေပါပြီ။ Jim Malone ရဲ့သတင်းဆောင်းပါးကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ မငြိမ်းနိုင်သေးတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်စွန့် ထွက်ပြေးသူ စစ်ရှောင်အရေအတွက် တနေ့တခြား ပိုတိုးလာနေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အဲဒီစခန်းတွေထဲက ၂ခုကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
Ongoing independent mechanismအဖွဲ့လုပ်ပိုင်ခွင့်၊ကုလအစီရင်ခံစာပါလူ့အခွင့်အရေးချိုးဖောက်မှုမှာတာဝန်ရှိတဲ့စစ်ခေါင်းဆောင်တွေကိုဘယ်လိုအရေးယူနိုင်သလဲစတာတွေနဲ့ပတ်သက်လို့လူ့အခွင့်အရေးသုတေသနနဲ့စည်းရုံးလှုံဆော်ရေးအဖွဲ့ဖြစ်တဲ့ရှေ့ပြေးအသံရဲ့အကြံပေးဘုတ်အဖွဲ့ဥက္ကဌဒေါ်ခင်ဥမ္မာကို မအင်ကြင်းနိုင်တွေ့ဆုံမေးမြန်းထားပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ကျူနာငါးတကောင်ကို မကြုံဖူးတဲ့ဈေးပေးပြီးဝယ်သွားတဲ့ တိုကျိုမြို့က ဆူရှီသမား၊ တရုတ်နိုင်ငံက ရေခဲမြို့စီးပွါးရေးနဲ့ အိန္ဒိယက ရှားပါးတောရိုင်းတိရိစ္ဆာန်ဈေးကွက်တွေအကြောင်း ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ကန်သမ္မတနဲ့ ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်တွေကြား အစိုးရဘဏ္ဍာရေးအသုံးစရိတ်ကိစ္စ ပြေလည်မှုမရသေး၊ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရှေ့ဆက်မတိုးဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားခေါင်းဆောင် စိတ်ပူ၊ မြန်မာ့တပ်မတော်နဲ့ AA ကြား တိုက်ပွဲဖြစ်နေပေမယ့် ဒုက္ခသည်ပြန်လည်လက်ခံရေးအစီအစဉ်ထိခိုက်မှာ မဟုတ်ကြောင်း မြန်မာအစိုးရ ပြော စသည်
သမ္မတဒေါ်နယ်ထရမ့်က မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို အင်္ဂါနေ့ညက ပြောကြားပြီး ဒီမိုကရက်လွှတ်တော်အမတ်တွေနဲ့ ညှိနှိုင်းလို့မရဘဲ အစိုးရဌာနတချို့ ပိတ်ထားရတဲ့အတွက်လည်း စိုးရိမ်တဲ့အကြောင်းလည်း ပြောဆိုလိုက်ပါတယ်။Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသက နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA က တိုက်ခိုက်ခဲ့တဲ့အခြေအနေ၊ ဒေသခံတွေရဲ့အမြင်၊ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်နဲ့ နောက်ဆုံးအခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အထူး သတင်းဆောင်းပါးအဖြစ် စုစည်းတင်ဆက်ထားပါတယ်။
တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။ "VOA မြန်မာပိုင်းက တင်ဆက်ပေးနေတဲ့ ဗွီဒီယိုတွေကို အောက်ပါ Youtube စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။ https://www.youtube.com/user/voaclips/videos?disable_polymer=1"
သတင်းအကျဉ်းချုပ် (၀၁-၀၉-၂၀၁၉)
ဂျပန်က အသက်(၂၉)နှစ်အရွယ် ဘုန်းကြီး Tetsuya Hangai ဟာ တုတ်တွေကို လေထဲမှာလှည့်ရင်း အလှပြကစားခဲ့ပါတယ်။ #voasocial #voaburmese
တရုတ်နိုင်ငံ ဟာဘင်မြို့က နှစ်စဉ်ကျင်းပတဲ့ ရေခဲပန်းပုပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝှမ်းက ရေခဲပန်းပုပညာရှင်တွေက ရောက်ရှိနေပါပြီ။ ပြိုင်ပွဲဟာ ဇန်နဝါရီ (၈)ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး သူတို့ရဲ့လက်ရာတွေကိုတော့ ပွဲတော်ပြီးဆုံးမယ့် ဖေဖော်ဝါရီ(၅)ရက်နေ့အထိ ပြသထားမှာပါ။ #voaburmese #voasocial
အမေရိကန်အစိုးရ ရဲ့ လုပ်ငန်း တချို့ ရပ်ဆိုင်းထားတာ သုံးပတ်ရှိနေပြီ ဖြစ်ပြီး မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့ ဒီမိုကရက်လွှတ်တော် အမတ်တွေ ပယ်ချထားသလို သမ္မတထရမ့် ရဲ့ တောင်းဆိုမှုကလည်း ရပ်တန့်သွားမယ့်အလားအလာ မရှိပါဘူး။ ဗီအိုအေ သတင်းထောက် Michael Bowman သတင်းပေးပို့ ထားတာကို ကိုငြိမ်းချမ်းကတင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်