တရုတ်နိုင်ငံက မြို့တွေမှာ နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ မီးပုံးရောင်စုံတွေ ထွန်းထားကြပါပြီ။ ၂၂ နှစ်အတွင်း အခမ်းအနားဆုံး မီးထွန်းပွဲကျင်းပနိုင်တဲ့ မြို့က Jiayuguan မြို့ပါ။ တရုတ်ပြည်အနောက်တောင်ပိုင်း Sichuan ပြည်နယ်က ဒီဇိုင်နာပညာရှင်တွေရဲ့ အကူအညီနဲ့ ယွမ် ၄ သန်းလောက် အကုန်ကျခံထားတာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာအမေရိကန်ရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ ပတ်သက်လို့ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတွေ သတိပေးလိုက်ပါတယ်။ ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ ကမ္ဘာတဝန်းခြိမ်းခြောက်နေတဲ့အန္တရာယ်တွေအပေါ်သုံးသပ်ချက်တွေနဲ့ပတ်သက်လို့Michael Bowman သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း ပြောပြပေးမှာပါ။
ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကျရင် လွတ်တော် ၂ ရပ်စလုံးရဲ့ရှေ့မှောက် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားဖို့ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ရဲ့ ဖိတ်ကြားချက်ကို သမ္မတ Trump က လက်ခံလိုက်ပါတယ်။ Trump ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက် ပြောပြပေးမှာပါ။
အာဖဂန် ပဋိပက္ခတွေမှာ ၁၇ နှစ်တာ အမေရိကန်ပါဝင်ပတ်သက်ခဲ့မှုကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် မူဘောင်ကြမ်းကို ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွင်း တာလီဘန် နဲ့ အမေရိကန် ညှိနှိုင်းသူတွေကြားသဘောတူညီခဲ့ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပါလိမ့်မယ်။
ဗင်နီဇွဲလား အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးဖို့ရှိသလို လွှတ်တော်ရွေးကောက်ပွဲတွေ အချိန်စောကျင်းပမယ်လို့ သမ္မတ Maduro ပြော၊ မြောက်ဝင်ရိုးစွန်းကလာတဲ့လေအေးတွေ အမေရိကန်ပြည်ထောင်စုတဝန်းကို တိုက်ခတ်နေတာကြောင့် သန်းနဲ့ချီတဲ့ အမေရိကန်တွေ မကြုံစဖူးအအေးဒဏ်ကို ခံစားနေကြရ စသည်
မြန်မာနိုင်ငံရဲ့ ပထမဆုံး Pride ပွဲတော်ကို LGBT လိင်တူလိင်ကွဲချစ်ခင်စုံမက်သူတွေနဲ့ LGBT အသိုင်းအ၀ိုင်းက သူတွေရဲ့ အခွင့်အရေးကို ထောက်ခံသူ ၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ AFP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးပါမယ်။
Wilky ဟာ အသက်(၅၅)နှစ်အရွယ် စကိတ်စီးသမားတစ်ဦးပါ။ “စကိတ်စီးမေမေ”လို့ သူ့အသိုင်းအဝိုင်းမှာ သိထားတဲ့သူမဟာ အခုလိုစကိတ်စီးခြင်းက သူ့ဘဝကို အထောက်အကူအများကြီးပြုခဲ့တယ်လို့ ဆိုပါတယ်။ #voaburmese #voasocial
နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ ကြားဝင်မစွက်ဖက်ရေးမူကို ကျင့်သုံးခဲ့တဲ့ အမေရိကန် သမ္မတ Donald Trump က ပြီးခဲ့တဲ့ သတင်းပတ်မှာတော့ ဗင်နီဇွဲလား ကြားဖြတ် သမ္မတ အဖြစ် အတိုက်အခံ ခေါင်းဆောင် Juan Guiado ကို အသိအမှတ်ပြုလိုက်ပါတယ်။ Patsy Widakuswara ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က ပြောပြမှာပါ။
ဗင်နီဇွဲလားမှာ အမေရိကန်နဲ့ နိုင်ငံအတော်များများက သမ္မတအဖြစ်အသိအမှတ်ပြုထားတဲ့ Juan Guaido ကိုအာဏာလွှဲပေးဖို့ လက်ရှိသမ္မတ Nicolas Maduro ကိုဖိအားပေးတဲ့အနေနဲ့၊ ဗင်နီဇွဲလားအစိုးရပိုင် ရေနံလုပ်ငန်းကို အမေရိကန်က အရေးယူဒဏ်ခတ်လိုက်ပါတယ်။ Cindy Saine ရေးသားပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပါမယ်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေ၀င်းတို့ ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်ပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးပမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ နွားဖမ်းပွဲကြောင့် နှစ် နှစ်အတွင်း လူ ၃၀ ကျော်၊ နွား ၃၀ကျော် သေဆုံးခဲ့လို့ ဒီကစားပွဲကိုပိတ်ပေးဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ပြည်နယ်အစိုးရကို တောင်းဆိုပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်