သမ္မတ Trump က ဗင်နီဇွဲလား သမ္မတ Nicolas Maduro ဖြုတ်ချနိုင်ဖို့အတွက် စစ်အင်အားသုံးတဲ့ နည်းလမ်းတခုကိုလည်း ထည့်သွင်းစဉ်းစားဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောဆိုထားတဲ့အပေါ် စိုးရိမ်မှုတွေတိုးလာနေပါတယ်။ VOA သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ီအီသီယိုးပီးယားနိုင်ငံ မြို့ တော် Addis Ababa မှာကျင်းပမယ့် အာဖရိက သမဂ္ဂညီလာခံကို တက်ရောက်မယ့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ကို သူ့ခရီးစဉ်မစခင်မှာ VOA သတင်းထောက် Margaret Besheer ကတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ အပြည့်အစုံကိုတော့ နန်းလောင်ဝ်က ဆက်ပြီးတင်ပြမှာပါ။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ထိုင်ဝမ်လျှပ်စစ်ပစ္စည်းကုမ္ပဏီကြီးတခု အမေရိကန်မှာ စက်ရုံထောင်ပြီး လုပ်ဆောင်တော့မယ့်အကြောင်းနဲ့ တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံကလေဆိပ်ကြီးတွေ၂၄ နာရီလုံးဝန်ဆောင်မှု ပေးကြမယ့်အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်ထဲက စီးပွါးရေးအချက်အခြာကျတဲ့ Kochi မြို့ နိုင်ငံတကာလေဆိပ်ဟာ နေရောင်ခြည် စွမ်းအင်နဲ့ လည်ပတ်နေတာဖြစ်ပြီး ကမ္ဘာပေါ်က အဆန်းသစ်ဆုံး လေဆိပ်တွေထဲက တခုဖြစ်ပါတယ်။ Anjana Pasricha ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
DJ ကို အပျော်သဘောနဲ့ စခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ တကယ့်ကို အလေးအနက် လိုက်စားဖြစ်ခဲ့တယ်လို့ လက်ထောက်အရာရှိ Acu Rhodes က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ လူထုနဲ့ ထိတွေဆက်ဆံရာမှာ DJ ကို ကြားခံပေါင်းကူးအဖြစ်လည်း အသုံးချနိုင်ခဲ့ပါတယ Evgeny Maslv သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီအနေနဲ့ သူ့ရဲ့ ဘဏ္ဍာရေး အခြေအနေကို စစ်ဆေးနိုင်မယ့် ကော်မတီဖွဲ့စည်းခွင့်မရှိကြောင်း Trump ပြော၊ သေနတ်ကြောင့် ဖြစ်ရတဲ့ အကြမ်းဖက်မှုတွေကို ပြန်အာရုံစိုက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး လွှတ်တော်ရဲ့ ကြိုးပမ်းမှုကို ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကြိုဆို စသည်
Texas ပြည်နယ် Lufkin မြို့မှာ ပေသုံးဆယ်လောက် သစ်ပင်အမြင့်ကနေ ပြန်မဆင်းတတ်ဘဲဖြစ်နေတဲ့ ကြောင်လေးတကောင်ကို ရဲအရာရှိနှစ်ယောက် ကယ်တင်ခဲ့ပါတယ်။ ရဲအရာရှိတယောက်ရဲ့ ကိုယ်မှာတတ်ထားတဲ့ ဗွီဒီယိုကင်မရာက မှတ်တမ်းတင်ထားတာပါ။ #voasocial #voaburmese
သမ္မတ Trump ဒုတိယအကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်း အင်္ဂါနေ့ညက ပြောဆိုရာမှာ ပါတီကြီး ၂ ရပ် ပူးပေါင်းဆောင်ရွက်ရေးနဲ့ စည်လုံးညီညွတ်ကြရေး တိုက်တွန်းတာအပါအဝင် သူ့ရဲ့ အစီအစဉ်တွေကိုထည့်သွင်းပြောဆိုသွားပါတယ်။ VOA အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းပြောပြပေးမှာပါ။
လွတ်လပ်တဲ့ သတင်းမီဒီယာနဲ့ တရားစီရင်ရေး၊ အဂတိလိုက်စားမှုကာကွယ်တိုက်ဖျက်ရေးနဲ့ ရွေးကောက်ပွဲတရားဝင်မှုလိုမျိုး အဓိကကျတဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အဖွဲ့အစည်းတွေကို Trump ဖက်က တိုက်ခိုက်နေတယ်လို့ Freedom House အဖွဲ့အစီရင်ခံစာမှာ ထောက်ပြနေပါတယ်။ Cindy Saine သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။
KNU နဲ့ အစိုးရကြား ၂၀၁၅ ကတည်းက အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားပေမယ့်လည်း ခုအခါမှာ လွန်ခဲ့တဲ့လက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်ရာကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်နေ့ အခမ်းအနားမှာ Steve Sandford က တွေ့ဆုံမေးမြန်းထားပါတယ်။ ကိုအောင်အောင်တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၅ နှစ်နီးပါး ရှိနေပြီဖြစ်ပြီး စစ်တပ်က တင်းတင်းကြပ်ကြပ် အုပ်ချုပ်မှုတွေကို ဆန့်ကျင်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာ နောက်ဆုံးမှာတော့ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို တရားဝင်ကြေညာလိုက်ပါပြီ။ David Boyle ဘန်ကောက်မြို့က ပေးပို့တဲ့ သတင်းကို မမြသဇင်အောင် က ပြောပြပေးပါမယ်။
အခု တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်