ကမ္ဘာ့နာမည်ကျော် အဆိုတော် Shakira သူပေးရမယ့် အခွန်မပေးဘူးဆိုပြီး သူ့မိသားစုအိမ်ရှိတဲ့ စပိန်တရားရုံးက အမှုဖွင့်ထားပါတယ်။ ဗြိတိသျှ တော်ဝင်မင်းသား Harry ရဲ့ ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး Meghan Markle မီဒီယာနဲ့ ဘယ်လို ရင်ဆိုင်နေရပါသလဲ။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
တနင်္သာရီဒေသခရီးသွားလုပ်ငန်း တိုးတက်လာနေပေမယ့် ကြိုးနီစံနစ်တွေကြောင့် ဖြစ်သင့်သလောက်မဖြစ်လာဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒေသစီးပွားရေးအတွက် အထောက်အကူဖြစ်တဲ့ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ဆောင်သင့်ပါလဲ။ ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
ပိုလန်နိုင်ငံ ကရာကောင်းမြို့မှာ ဒိုးနပ်အစားပြိုင်ပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၈ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ၅ကြိမ်မြောက်ချန်ပီယံ Jerzy Zalewski ဟာ ၅မိနစ်အတွင်း ဒိုးနပ်(၈)ခုစားပြီး ပထမဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ #voaburmese #voasocial
ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un နဲ့ ဆွေးနွေးပွဲမှာ နျူကလီးယားအရေးနဲ့ပတ်သက်ပြီးသမ္မတ Trump မျှော်လင့်ထားသလိုသဘောတူညီချက်မရခဲ့ပါဘူး။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင် သဘောတူညီချက်အသစ် ရနိုင်ရေး ဆွေးနွေးမှုတွေမှာ သဘောတူညီချက်ရနိုင်ဖို့ အလှမ်း ဝေးနေသေးတယ်လို့အမေရိကန်ကုန်သွယ်ရေးထိပ်တန်း အရာရှိကပြောပါတယ်။အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာကိစ္စမှာနှစ်ဘက်သဘောထားကွဲပြားမှုတွေအကြောင်း Nike Ching ရဲ့ သတင်းလွှာကို ကိုဇော်ဝင်းလှိုင်ကတင်ပြပေးပါမယ်။
5G ကွန်ယက် ချိတ်ဆက်ထားတဲ့ စက်ရုပ်၊ မော်တော်ကား၊ အဝေးထိန်းဒရုန်းယာဉ်နဲ့ ပုံရိပ်စစ်ဂိမ်းကစားစရာ ပစ္စည်းမျိုးစုံကို စပိန်နိုင်ငံ၊ဘာဆီလိုနာမြို့မှာကျင်းပတဲ့ ကမ္ဘာ့ မိုဘိုင်းညီလာခံ မှာ ပြသထားပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖေါ်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
သတင်းအကျဉ်းချုပ် (၀၃-၀၁-၂၀၁၉)
Trumpနဲ့ Kim တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားအပေါ် ချထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့ Kim ဘက်က တောင်းဆိုပေမယ့် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်ဘက်က လိုချင်သလောက် ဖျက်သိမ်းပေးဖို့ သဘောမတူခဲ့ဘူးလို့ Trump ပြောပါတယ်။ ကိုကျော်ကျော်သိန်း ဆက်ပြောပြပါမယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာအမေရိကန်နဲ့မြောက်ကိုရီးယားပြေလည်လာရင်တောင်ကိုရီးယားစီးပွါးရေးလုပ်ငန်းထိခိုက်မှာကိုစိုးရိမ်နေတဲ့အကြောင်းနဲ့ဗီယက်နမ်ကတောင်ကိုရီးယားစီးပွါးရေးသမားတွေမြောက်ကိုရီးယားကိုပြောင်းလုပ်ကိုင်ချင်နေတဲ့အကြောင်းSchuyler Ogden ရဲ့သတင်းလွှာကို ကိုကျော်အောင်လွင်တင်ပြပေးမှာပါ။
ခွေးတွေကို သိပ်ပြီး ချစ်ခင်နှစ်သက်ကြတဲ့ အမေရိကန်မှာ ကိုယ်ပိုင် ပြတိုက်တခုအဖြစ် ခွေးပြတိုက်ကို နယူးယောက်မြို့မှာ ဖွင့်တော့မှာပါ။ VOA သတင်းထောက် Deborah Block ပေးပို့ထားတဲ့သတင်းလွှာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ်ဟာ ငလျင်မကြာခဏလှုပ်တဲ့နေရာဖြစ်ပြီး၊ အခုဆိုရင် Los Angeles မြို့ခံတွေဟာ Shake Alert LA ဆိုတဲ့ အမေရိကန်မှာတော့ ပထမဆုံး ငလျင်အန္တရာယ်သတိပေးချက်ကိုလည်း ရနိုင်ပြီဖြစ်ပါတယ်။ VOA သတင်းထောက် Mike O’ Sullivan သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်