တနင်္ဂနွေနေ့က ကျင်းပတဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေက အများစု အနိုင်ရထားတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။ အပြည့်စုံကို ကိုကောင်စံဟိန်းက သတင်းပေးပို့ထားပါတယ်။
နိုင်ငံအချင်းချင်းကြား အငြင်းပွါးမှုတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းရတဲ့ နိုင်ငံတကာ သရုပ်ပြတရားခွင်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုမြို့တော် ၀ါရှင်တန်ဒီစီမှာ ကျင်းပတာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းလည်း ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုအောင်အောင်က သွားရောက်သတင်းယူပြီး တင်ပြပေးထားပါတယ်။
ဂျူးလူမျိုးတွေနဲ့ ဂျုးနိုင်ငံရဲ့ နှစ်ပေါင်း ၃၅၀၀ သမိုင်းကြောင်းကို ဖော်ပြတဲ့ အထူးပြပွဲတခုကို ရန်ကုန်မြို့က Musmeah Yeshua ဂျူးဘုရားကျောင်းမှာ မတ်လ ၃၁ ရက် တနင်္ဂနွေနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ပြသွားမယ့် ဒီပြပွဲအကြောင်း မခင်ဖြူထွေးက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ဒီတပတ် အမေရိကန်သုံး အင်္ဂလိပ်စာ အစီအစဉ်မှာ သေနတ်လို့ အဓိပ္ပါယ်ရတဲ့ Gun ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ကို ဒေါ်လှလှသန်းက George Grow နဲ့ အတူ တင်ပြထားပါတယ်။
သတင်း အကျဉ်းချုပ် (၀၄-၀၁-၂၀၁၉)
မော်တော်ဆိုက်ကယ်နဲ့ တောင်အမေရိကတိုက်ပတ်နေသူတဦးက ခွေးလေးတကောင်ကို ဆိုက်ကယ်ပေါ်တင်ပြီး ခရီးဆန့်နေတာပါ။ ဟောင်ကောင် ၀ိတိုရိယဆိပ်ကမ်းမှာတော့ ရေထဲကြွက်သေမြောနေတဲ့ပုံမျိုးသရုပ်ဖော် ပေ ၁၂၀ကျော် လေထိုးကြွက်ရုပ်ကြီး တွေ့ရပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မအေးသန္တာကျော်နဲ့ ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
၂၀ ရာစုမှာ အထင်ရှားဆုံးခေါင်းဆောင်တဦးဖြစ်တဲ့ နယ်ဆင်မန်ဒဲလားအကြောင်း လန်ဒန်မြို့တော်မှာ ပြပွဲကျင်းပပါတယ်။ တောင်အာဖရိကခေါင်းဆောင်ကြီး မကွယ်လွန်ခင်အထိသုံးခဲ့တဲ့ လက်ပတ်နာရီကအစ ခက်ခဲတဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကို ထင်ဟပ်တဲ့ပွဲ ဖြစ်ပါတယ်။ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ပေးထားပါတယ်။
အူမကြီးကင်ဆာဖြစ်နိုင်ချေလျှော့ချနိုင်အောင် ကိုယ့်ဖက်ကနေ ဘယ်လိုအနေအထိုင်အပြုအမူတွေကို ရှောင်ကျဉ်သင့်လဲဆိုတာ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက် ထားပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအပေါ် အစိုးရရဲ့ကိုင်တွယ်ပုံကို မေးခွန်းထုတ်နေကြသလို ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို အကူအညီပေးမှုတွေဟာလည်း အားနည်းချက်တွေ ရှိတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီလိုအရပ်သားထိခိုက်မှုတွေ များလာနေတဲ့ လက်ရှိ ရခိုင်ပြဿနာကို ဘယ်လိုအဖြေရှာမလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
အိန္ဒိယ အနုပညာမြို့တော် မွန်ဘိုင်းကဆုပေးပွဲကို ဘောလိဝုဒ်အကျော်အမော်မင်းသားမင်းသမီးတွေ တတ်ရောက်ခဲ့ကြပါတယ်။ ဟောလိဝုဒ်မင်းသား Antony Hopkins ရဲ့ အမေရိကန်အနောက်ခြမ်း မာလီဘူးကအိမ် ပြိုကျတော့မှာပါလား။ မအေးသန္တာကျော်က သက်တံရောင်သတင်းလွှာမှာ ပြောပြထားပါတယ်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုကော်မရှင်ရဲ့လုပ်ငန်းတွေ ပိုအသက်ဝင်လာပါပြီလား။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေ ပိုပြီးတော့ အားကောင်းလာဖို့အတွက် ဘယ်နေရာတွေ ပိုပြီးလုပ်ဆောင်သင့်ပါသလဲ။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းတို့နဲ့ မခင်ဖြူထွေး ဆွေးနွေးထားပါတယ်။
VOA TV သတင်းလွှာအစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ အခု ဆက်လက်ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖေါ်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို မအင်ကြင်းနိုင်က တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်