မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်မှာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ၀န်ထမ်း ၅,၀၀၀ ကျော် ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ပြင်ပအခြေစိုက် ကချင်မဟာမိတ်အပါအဝင် ကချင်မျိုးနွယ်စု အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San N Sang က ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
လန်ဒန်မြန်မာသံရုံးကို စစ်သံမှူးက ထိန်းချုပ်တဲ့ ကိစ္စ ဗြိတိန်အစိုးရ ဘယ်လိုတုံ့ပြန်၊ မြန်မာစစ်တပ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင်းကို ကုလရဲ့ IIMM အကြီးအကဲကို ဥပဒေအကျိုးဆောင်အဖွဲ့ကနေတဆင့် CRPH ဆွေးနွေး၊ ဒီလို နိုင်ငံတကာ တုံ့ပြန်မှုတွေကို မအိသန့်စင်က စုစည်းတင်ဆက်ထားပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၂ လကျော်ကြာခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်လက် လုပ်ဆောင်နေပေမဲ့ လူထုအများစုကတော့ စစ်အာဏာရှင်ကို ဆက်ပြီး ဆန့်ကျင်သွားမယ်လို့ ပြောနေကြဆဲပါ။ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲအသစ်တွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အထွဋ်အမြတ်ထားတဲ့ ဘိုရှင်ဂတ် (Bosingak) ခေါင်းလောင်းကြီးကို ဧပြီလ ၉ ရက်နေ့မှာ ၁၂ ချက်တိတိ ထိုးပေးခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက် (၀၄-၀၉ -၂၀၂၁)
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်း ဆောင်းပါးတချို့ကို မအင်ကြင်းနိုင် မူရင်းအာဘော် မပျက် စုစည်းတင်ပြထားတာကို ကြည့်ရှု့ နိုင်ပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင် နေတိုး နိုင်ငံတွေ ဖွဲ့စည်းခဲ့တဲ့ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျရောက်မှာပါ။ နေတိုး မဟာမိတ်တွေ အနေနဲ့ ဘယ်လို စိန်ခေါ်မှုအသစ်တွေ၊ ခြိမ်းခြောက်မှုအဟောင်းတွေကိုရင်ဆိုင်နေတဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဧပြီလ ၇ရက်နေ့က ဗြိတိန်ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ရုံးချိန်ပြင်ပအပြင်ဘက် ခဏထွက်ချိန်မှာ သူ့အောက်ကအရာရှိတွေ ပူးပေါင်းပြီး မြန်မာသံရုံးကို သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ လန်ဒန်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် လန်ဒန်ရောက်မြန်မာတွေ ဧပြီလ ၈ ရက်နေ့မှာစုရုံးဆန္ဒပြခဲ့ကြပါတယ်။
ဧပြီလ ၈ ရက်နေ့ ထားဝယ်မြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဆရာ၊ ဆရာမ၊ အင်ဂျင်နီယာနဲ့ ကျောင်းသားတွေပါ ပါဝင်ခဲ့ကြပါတယ်။ စစ်ကောင်စီအာဏာသိမ်းချိန်ကစလို့ ထားဝယ်ဆန္ဒပြပွဲတွေ ဖြိုခွင်းမှုအတွင်း လူ၈ဦးထိ သေဆုံးခဲ့ပေမယ့်လည်း ဆန္ဒပြသူတွေကတော့ ဆက်လက်ချီတက်နေဆဲပါ။
ဧပြီလ ၈ ရက်နေ့က တနင်္သာရီတိုင်းလောင်းလုံးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသူတွေက ၂၀၀၈ ဖွဲဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်နဲ့ စစ်ကောင်စီကို ဆက်လက်ထောက်ခံနေတဲ့ တရုတ်နဲ့ရုရှားနိုင်ငံအလံတွေကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
တရားမဝင် ရွှေ့ပြောင်းလာသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာတွေကြား အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က Donna မြို့လေးကို လူအများ စိတ်ဝင်စားလာကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Elizabeth Lee သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်က ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်