စစ်ကောင်စီ အာဏာသိမ်းပြီး ၂ လကျော် ကာလအတွင်းမှာ တပ်တွေရဲ့ အင်အားသုံး ပစ်ခတ်နှိမ်နှင်းမှုအတွင်း သေဆုံးခဲ့ကြသူတွေကို ရည်စူးပြီး ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဆန္ဒပြသပိတ်ရှိရာ နေရာတွေအပါအဝင် လမ်းလျှောက်သပိတ်တွေမှာလည်း ပန်းတွေကိုင်ဆောင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ဧပြီလ ၂ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတာပါ။
ကိုဗစ်ကြောင့် အကန့်သတ်ရှိနေဆဲ ဟောင်ကောင်မှာ Jazz ဂီတသမားတွေက နေရာကျဉ်းကြပ်တဲ့ ခေါက်ဆွဲဆိုင်မှာ တီးခတ်ပြရင်း အွန်လိုင်းကတဆင့် ငွေရှာခဲ့တဲ့ အကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာတော့ PPE ဝတ်စုံ တွေကို အလေအလွင့်မဖြစ်ရအောင် မွေ့ယာအဖြစ် ပြောင်းလဲတီထွင်နေကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
လူမည်းအမျိုးသား George Floyd သေဆုံးမှု ကြောင့် တရားစွဲဆိုခံရတဲ့ ရဲအရာရှိဟောင်း Derek Chauvin ကို အမေရိကန် ပြည်ထောင်စု မင်နီဆိုးတာပြည်နယ် တရားခွင်မှာ တတိယနေ့ အဖြစ် ဆက်လက် စစ်ဆေးခဲ့ပါတယ်။ Jesusemen Oni သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါ့မယ်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူရေး ချမှတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ တာဝန်ရှိတယ်လို့ သူမြင်တဲ့အကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က Mr. Andrews ကို Skype က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ နှစ်စဉ် နွေဦးရာသီမှာ ဖူးပွင့်နေကြ ချယ်ရီပန်းတွေ ဒီသီတင်းပတ်ထဲ အစွမ်းကုန်ပွင့်ဖူးခဲ့ကြသလို လာရောက်ကြည့်ရှု့သူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။
စစ်ကောင်စီက အာဏာသိမ်းတာ ဧပြီလ ၁ ရက်နေ့မှာဆိုရင် ၂ လ ပြည့်ခဲ့ပါပြီ။ ၂ လပြည့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေနဲ့ ရန်ကုန်က ရပ်ကွက်တချို့မှာ လူငယ်တွေက မျက်နှာပေါ်ဆေးခြယ်ကာ သီချင်းတွေဆိုရင်း ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူတွေကို စစ်ကောင်စီက ဖိနှိပ်နေတာရပ်တန့်ဖို့ ကုလသမဂ္ဂအနေနဲ့ R2P နည်းလမ်းနဲ့ ၀င်လာဖို့ မြန်မာပြည်သူတွေ တောင်းဆိုနေတာပါ။ ဒီနည်းလမ်းက ဘယ်လောက်ဖြစ်နိုင်ခြေရှိပါသလဲ။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကို ဗွီအိုအေက မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲအပေါ် ဘယ်လောက်ထိမျှော်လင့်ချက်ရှိနေပါသလဲ။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကို ဗွီအိုအေမြန်မာပိုင်းက မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
ဧပြီ ၁ ရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မတ်လ ၃၁ ရက်နေ့မှာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံတဝှမ်းမှာ အခုလို မီးရှို့ဆန္ဒပြနေကြတာဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ Boston Dynamics ကုမ္ပဏီက ကုန်လှောင်ရုံတွေ၊ ကုန်သေတ္တာတွေထဲ ဝင်ရောက်ပြီး စက္ကူပုံးတွေကို အလျင်အမြန် တင်ချပေးနိုင်တဲ့ Stretch လို့ အမည်ပေးထားတဲ့ စက်ရုပ်တရုပ်ကို ဒီလ ၂၉ ရက် တနင်္လာနေ့က ပြသလိုက်ပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
ကမ္ဘာမှာ နှစ်စဉ် အသက် ၁၈ နှစ်အောက် မိန်းကလေး အိမ်ထောင်ပြုတဲ့သူ အရေအတွက် ၁၂ သန်း လောက် ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ရောဂါကြီးမဖြစ်ခင်ကတော့ အင်ဒိုနီးရှားမှာ ဒီအရေအတွက်က လျော့ကျလာနေခဲ့တာပါ။ Eva Mazrieva ရဲ့ သတင်းလွှာကို မအေးသန္တာကျော်တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်