သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူ့အခွင့်အရေး Obama အားမရသေး


ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတက Ise Shima မြို့မှာ သတင်းစာဆရာတွေနဲ့တွေ့ဆုံစဉ်။
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတက Ise Shima မြို့မှာ သတင်းစာဆရာတွေနဲ့တွေ့ဆုံစဉ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အ၀ မထွန်းကားသေးဘူးလို့ သမ္မတ Obama ကပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတက Ise Shima မြို့မှာ သတင်းစာဆရာတွေနဲ့တွေ့ဆုံတဲ့အခါ အခုလိုပြောကြား သွားတာဖြစ်ပါတယ်။

"လူမှုရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကြောင့် တိုးတက်ရွေ့ရှားမှု ရှိနိုင်ပေမဲ့ ပြသနာတွေကိုတော့ ချက်ချင်းပြေလည် သွားစေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုအခါမြန်မာနိုင်ငံမှာ တစိတ်တပိုင်းအားဖြင့် ကျနော်တို့ရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေ ပါတယ်။ နှစ်နဲ့ချီပြီးတော်လှန်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့မြန်မာပြည်ထဲမှာ ခြိမ်းခြောက်ခံနေရပါတယ်ဆိုတာ ကျနော် အခိုင်အမာ ပြောနိုင်ပါတယ်။ သူတို့ဟာ လွတ်လပ် စွာပြောဆို ခွင့်မရကြသေးပါဘူး။ကျနော်တိုနိုင်ငံတွေမှာလို လွတ်လပ်စွာ စုဝေးခွင့်မျိုး မရရှိကြသေးပါဘူး"လို့ပြောသွားတာပါ။

ဒါ့အပြင် လောလောဆယ်မှာ IS အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုက အဓိကကျနေပေမဲ့ နိုင်ငံတကာစည်းမျည်းတွေကျင့်ဝတ်တွေကိုချိုးဖောက်ပြီး မတည်မငြိမ်နဲ့ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားဟာ တာဝေးပစ် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အတွက် အထူးဂရုစိုက်ရမယ့် ခြိမ်းခြောက်မှုကြီးဖြစ်တယ်လို့ သမ္မတ Obama ကပြောကြားသွားပါတယ်။

တချိန်တည်းမှာပဲ ဗီယက်နမ်နဲ့မြန်မာလိုနိုင်ငံမျိုးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထိတွေ့ဆက်ဆံမှုကြောင့် မြောက်ကိုရီးယားရဲ့ ပြည်ပကို လက်နက်ရောင်းချနိုင်မှု လျော့နည်းသွားစေတယ်လို့ဆို သမ္မတ Obama ကဆိုပါတယ်။

အခု ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးအတွင်း G-7 ခုနစ် နိုင်ငံ ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ လက်ရှိ နိုင်ငံတကာရေးရာကိစ္စတွေနဲ့အတူ တောင်တရုတ်ပင်လယ် အရေးကိစ္စကိုလည်း ဆွေးနွေးကြဖို့ ရည်ရွယ်ထားတယ်လို့ ကြာသပတေးနေ့ ထိပ်သီး အစည်းအဝေးဖွင့်ပွဲမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။ ဒါပေမယ့် တောင်တရုတ် ပင်လယ်ပြင်အတွင်း တင်းမာမှုအခြေအနေ ပိုပြီး ဆိုးသွားစေနိုင်တယ်လို့ တရုတ်နိုင်ငံက ဆိုထားတဲ့ ဆွေးနွေးတာ မျိုးတွေကို မလုပ်ကြဖို့ G-7 စက်မှုဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံ ကို တရုတ်က သတိပေးခဲ့တာပါ။
မြန်မာ လူ့အခွင့်အရေး Obama အားမရသေး
please wait

No media source currently available

0:00 0:01:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG