ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah မြို့အပေါ် အစ္စရေးစစ်တပ်က အပြည့်အဝထိုးစစ်ဆင်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ ထွက်သွားနေကြသူ ၁ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဒီနေ့ သောကြာနေ့မှာ ပြောကြားပါတယ်။
ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးတွေ အပြင်းအထန်ထိုးစစ်ဆင်တဲ့ တနင်္လာနေ့ကစပြီး ရာဖါကနေ ဒေသခံ ၈ သောင်းလောက် ထွက်ပြေးကြရတယ်လို့ UNRWA ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာကုလသမဂ္ဂ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။
အစ္စရေးက ဂါဇာဒေသတောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်လာချိန်ကစပြီး၊ Rafah မြို့ကနေ ထွက်ပြေးသူ ၈ သောင်း လောက်ရှိတယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ဒီကနေ့ ပြောပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်က ခရမ် ရှာလုံ (Kerem Shalom) နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပေမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပါလက်စတိုင်းပိုင်နက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ Rafah မြို့ကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုအသစ်တွေ ဒီကနေ့ ထပ်မံထွက်ပေါ်လာနေချိန်မှာဘဲ ကာတာနိုင်ငံနဲ့ အာဖရိကသမဂ္ဂတို့က ပိုမို ဆိုးရွားလာနေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲကိစ္စအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။
Boeing ကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့မှုတွေ အမေရိကန်က ဆိုင်းငံ့ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် အစ္စရေးကို နိုင်ငံရေးအရ သတင်းစကားပါးတာ ဖြစ်ကြောင်းလည်း နီးစပ်သူ ၄ ဦးထဲက ၂ ဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။
ဂါဇာကမ်းမြောင်ကိုဝင်တဲ့ ရာဖာနဲ့ Karem Shalom လမ်းဆုံနှစ်ခုကို ပိတ်လိုက်တာကြောင့် ဂါဇာနေ ပါလက်စတိုင်းနှစ်သန်းကျော်အတွက်လိုအပ်တဲ့ မရှိမဖြစ်ပစ္စည်းတွေကို ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေက ပြောကြပါတယ်။
ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တနင်္လာနေ့က အရေးတကြီး သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်နဲ့ အီဂျစ်နိုင်ငံကြားက Rafah နယ်စပ် ဂါဇာဘက်ခြမ်းကို အစ္စရေးစစ်တပ်က သိမ်းပိုက်လိုက်ပြီလို့ ဒီနေ့ပဲ ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းဒေသခံတွေကို အဲဒီဒေသကနေ ထွက်ခွာဖို့ အမိန့်ထုတ်ပြီး နောက်တနေ့မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
အစ္စရေးလ်တို့နဲ့အပစ်အခတ်ရပ်စဲရေး အကြံပြုချက်တွေကိုလက်ခံလိုက်ပြီလို့ ဟာမတ်စ်တို့ကပြောပါတယ်။ ကာတာဝန်ကြီးချုပ်နဲ့ အီဂျစ်ထောက်လှမ်းရေးဝန်ကြီးတို့နဲ့ တယ်လီဖုန်းဆက်ပြောဆိုချိန်အတွင်း ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh အဲဒီလိုပြောဆိုခဲ့တယ်လို့ ဟာမတ်စ်တို့ရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဂါဇာကမ်းမြောင် Rafah ဒေသ အရှေ့ပိုင်းမှာရှိနေတဲ့ ဒေသခံတွေ Khan Yunis အပါအဝင် အစ္စရေးတို့အဆိုအရ တိုးချဲ့ သတ်မှတ်ထားတဲ့ စာနာမှုဆိုင်ရာ အကာအကွယ်ပေးထားတဲ့ ဒေသတွေကို ရှောင်တိမ်းပေးကြဖို့ အစ္စရေးစစ်တပ်က ဒီကနေ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးက သူ့နယ်မြေထဲက Al Jazeera ရုပ်သံကိုပိတ်ပစ်ဖို့ တာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်အပြီးမှာ အစ္စရေးလ်နိုင်ငံထဲက ကာတာနိုင်ငံပိုင် Al Jazeera ရုပ်သံရုံးခန်းကို အစ္စရေးလ်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးလ်တာဝန်ရှိသူတွေနဲ့ Al Jazeera သတင်းရင်းမြစ်တွေက ရိုက်တာသတင်းကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်